SJ WorldNews - шаблон joomla Авто

COVID-19 Fund မှ ချေးငွေကျပ် ဒသမ ၇၃၃၅ ဘီလီယံ ထုတ်ယူခွင့်ပြု

Wednesday, 03 June 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် 

ယနေ့တွင် ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက် ထားသည့် လုပ်ငန်း များအနက် ပဉ္စမအသုတ်အဖြစ် လုပ်ငန်း(၂၉၀)ခုအား ခွင့်ပြုငွေပမာဏ ကျပ် ၈ဒသမ  ၇၃၃၅ဘီလီယံကို COVID-19 Fund မှ ချေးငွေ ထုတ်ယူ ခွင့်ပြု လိုက်ကြောင်း သိရသည်။

အဆိုပါ ချေးငွေ ထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများ နှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု ၌ တရားစွဲဆို ခံထားရသည့် လုပ်ငန်း ဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာ များအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ် ဆောင်ရွက်လျက် ရှိပါကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်ထားသည်။                                                            

 

Read 30 times Last modified on Wednesday, 03 June 2020 09:29