SJ WorldNews - шаблон joomla Авто

၂၀၂၀ ပြည့်နှစ် အထွေထွ ရွေးကောက်ပွဲအတွက် မဲဆန္ဒ နယ်နှင့် မဲရုံများ သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို COVID- 19 ရောဂါ ထိန်းချုပ်နိုင်မှု အပေါ် မူတည်ပြီး သတ်မှတ် ကြေညာသွားမည်

Wednesday, 03 June 2020 09:59 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်  ဇွန်  

 ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒ နယ်နှင့် မဲရုံများ သတ်မှတ်နိုင် ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်   နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့    ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ များနှင့် အတွင်း ရေးမှူး များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက   ယခု အချိန် ကာလသည် ကမ္ဘာ တစ်ဝန်း COVID- 19 ရောဂါ ဖြစ်ပွား လျက်ရှိပြီး  မြန်မာနိုင်ငံတွင်လည်း COVID- 19 ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသနိုင်ရေးအတွက်   အားလုံး ဝိုင်းဝန်း ကြိုးစားနေသည့် အချိန်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအချိန်တွင်   ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏   COVID- 19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ဆောင် ရွက် လျက် ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်များအရ တတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်း ကာလတွင်  ကျင်းပပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်   ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အရဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ် ကြောင်း။

 ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့်  စပ်လျဉ်း၍    ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြို ရွေးကောက်ပွဲ မကျင်းပမီ နှစ်လ နှင့် ၂၄ ရက်အလိုတွင်   ကြိုတင် ကြေညာပေးခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ  ကျင်းပမည့်ရက်ကိုလည်း လေးလ ကြိုတင် ကြေညာ ပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကို လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အပေါ်မူတည်ပြီး သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း၊  ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များ နှင့်အညီ မဲဆန္ဒ နယ်များ လျာထားသတ် မှတ်နိုင်ရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ရရှိသည့် လူဦးရေ စာရင်းများကို ကော်မရှင်က ပေးပို့ထား၍ ကြိုတင်ပြင် ဆင်ထား ရန် မှာကြား ထားပြီးဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများကတင်ပြသည့် လျာထား မဲဆန္ဒနယ်များကို ကော်မရှင်က စိစစ်ပြီး သက်ဆိုင်ရာ လွှတ်တော် အလိုက် မဲဆန္ဒ နယ်များ အတည်ပြုပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒ နယ်များ သတ်မှတ်နိုင်ရန် အတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒ ရှင်စာရင်းဖြစ်စေ ရေးအတွက် တစ်နိုင် ငံလုံး အတိုင်းအတာဖြင့် ရရှိပြီးဖြစ်သည့်  အခြေခံ မဲဆန္ဒ ရှင်စာရင်းများကိုလစဉ် စိစစ်ပြင်ဆင်ရာတွင် မဲစာရင်းများ ထပ်နေခြင်း၊  မှားယွင်းခြင်းများ မရှိစေရေး စနစ်တကျ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် COVID- 19 ရောဂါ ဖြစ်စဉ်ကြောင့် ပြည်ပနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများမှမြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်း အလုပ်သမားများသည်  ၎င်းတို့၏ နေရာ ဒေသအသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ၎င်း မဲဆန္ဒ ရှင်များကိုအခြေခံ မဲဆန္ဒ ရှင် စာရင်းတွင် စိစစ် ထည့်သွင်းသွားရန်လိုအပ်ကြောင်း၊ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံ မဲဆန္ဒ ရှင် စာရင်း ရရှိရေးအတွက်ကိုလည်း ညှိနှိုင်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒ ရှင်စာရင်းများရရှိထား မှသာ မဲရုံ အရေ အတွက်လျာထားသတ်မှတ် ရာတွင် မှန်ကန်မှု ရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအဆင်ပြေစွာ ဆောင် ရွက် နိုင်ရန် ကော်မရှင် အဖွဲ့ခွဲရုံးများ အတွက် ရုံးသုံးစက်ကိရိယာ ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံသုံး ပစ္စည်း များကို သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများသို့ အချိန်မီ ရောက်ရှိ စေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလမှစ၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှိနေမည် ဖြစ်သည့် အတွက်  လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အနေဖြင့်၂၀၂၀ ပြည့်နှစ် အထွေထွေေရွေးကောက် ပွဲကြို ချမှတ်ထားသည့် စံ(၅) ချက်နှင့် အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒ ရှင်စာရင်းရရှိရေး နှင့် မဲပေးခွင့် ရှိသည့် နိုင်ငံသား အားလုံး မဲပေး ပိုင်ခွင့်ရရှိအောင် မဲစာရင်းတွင် ပါဝင်စေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားကြရန် ပြော ကြားသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လွှတ်တော် အလိုက် မဲဆန္ဒနယ်များ၊ မဲရုံများ လျာထား သတ်မှတ်နိုင်ရေး နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင် ပြကြသည်။ 

အဆိုပါ အစည်းအဝေးကို  ဇွန် ၄ရက်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

 

 

 

Read 30 times Last modified on Wednesday, 03 June 2020 10:00