SJ WorldNews - шаблон joomla Авто

မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေး တံတားမှ မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀၀ ကျော်ထပ်မံ ဝင်ရောက်

Wednesday, 03 June 2020 10:04 font size decrease font size decrease font size increase font size increase font size

 မြဝတီ  ဇွန် 

 ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများကို မေ ၁ရက်မှစ၍ လက်ခံခဲ့ရာ ယနေ့တွင် မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ၁၅၁၅ ဦး ပြန်လည် ဝင်ရောက်လာကြောင်းသိရသည်။

 ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက်မှ ၂၁၈ ဦးသည် ထိုင်းနိုင်ငံမော်ချစ်ကားဂိတ်မှ ကား ၁၀ စီးဖြင့် နှစ်နိုင်ငံ အစိုးရ ညှိနှိုင်းမှုနှင့်  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး ကျန်၁၂၉၇ ဦးသည် ထိုင်းနိုင်ငံရှိ ဒေသ အသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။

ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင် ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးသက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိသည်။

ယနေ့ ပြန်လည်ဝင်ရောက်လာသူများတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အမျိုးသား ၈၉၉ ဦး၊ အမျိုးသမီး ၆၁၆ ဦး စုစုပေါင်း ၁၅၁၅ ဦးပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)

 

 

 

Read 27 times Last modified on Wednesday, 03 June 2020 10:09