SJ WorldNews - шаблон joomla Авто

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာ ဆင်စခန်းသို့ ကြံကားတစ်စီး လာရောက်လှူဒါန်း

Wednesday, 03 June 2020 10:11 font size decrease font size decrease font size increase font size increase font size

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ်    အနောက်ပလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းအား  COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ယာယီပိတ်ထားလျက်ရှိရာ အဆိုပါအပန်းဖြေ ဆင်စခန်းရှိ ဆင်များ အစာရိက္ခာ ဖူလုံစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ် စံပြကျေးရွာမှ ကြံရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ မိသားစုဝင်များက ကြံကားတစ်စီး လှူဒါန်းကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် မြင်းခြံမြို့နယ် စံပြကျေးရွာမှ ကိုဝင်းကို၊ ဒေါ်သင်းသင်း(ဝင်းထက် ကြံရောင်းဝယ်ရေး) မိသားစုက ယခုကာလအတွင်း ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းရှိ ဆင်များ အစာဖူလုံရေးအတွက် တတိယအကြိမ်မြောက်  ကြံအချောင်းရေ  ၁၅ဝဝ   ကျော်ပါဝင်သောကြံကားတစ်စီးကို တာဝန်ရှိသူများထံ ပေးပို့လှူဒါန်းခြင်းဖြစ်သည်။

 

ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာ အပန်းဖြေဆင်စခန်းအား COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယာယီ ပိတ်ထားလျက်ရှိပြီး ထိုသို့ယာယီပိတ်ထားစဉ် ကာလအတွင်း  အပန်းဖြေဆင်စခန်းရှိ ဆင်များ အစာရေစာပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဆင်ချစ်သူပြည်သူများက    ဆင်စာများ လာရောက် ကုသိုလ်ပြု ကျွေးမွေး လှူဒါန်းကြကြောင်း သိရသည်။      

 

Read 20 times Last modified on Wednesday, 03 June 2020 10:12