SJ WorldNews - шаблон joomla Авто

ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

Wednesday, 03 June 2020 10:16 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ မီးဘေးသင့်၍   ပျက်စီးဆုံးရှုံးသွားသည့်   လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တနင်္သာရီမြို့နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များသည်  ဇွန်  ၁ ရက် မွန်းလွဲပိုင်းက သွားရောက်ပေးအပ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင်  တနင်္သာရီမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းနှင့် ဝန်ထမ်းများသည် မေ ၃ဝ ရက်က တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု အနောက်သာရဖုံကျေးရွာ၌   မီးဘေးသင့်၍   ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်တစ်လုံးမှ မိသားစုဝင် ခြောက်ဦးအတွက် ဆန်ဖိုးခုနစ်ရက်စာ ငွေကျပ် ၁၂၆ဝဝ နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂ဝဝဝဝဝ စုစုပေါင်း ထောက်ပံ့ငွေကျပ်၂၁၂၆ဝဝ၊  ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးတစ်ပုံးနှင့်  မိသားစုတစ်ကိုယ်ရေသုံး ပစ္စည်းတစ်လစာတို့ကို   တနင်္သာရီမြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။

အဆိုပါ မီးဘေးသင့်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးဘေးသင့် မိသားစုဝင်များမှာ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။

 

Read 24 times Last modified on Wednesday, 03 June 2020 10:17