SJ WorldNews - шаблон joomla Авто

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဓာတ်ခွဲခန်း စက်ကိရိယာများ လှူဒါန်း

Thursday, 04 June 2020 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန် 

Coronavirus Disease 2019 (CO-VID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်   ဗဟိုကော်မတီသို့ အလှူရှင်များက ဓာတ်ခွဲခန်း စက်ကိရိယာများကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  လာရောက်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။

ရှေးဦးစွာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့်  လားရှိုးမြို့တို့ရှိ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနများသို့ ဓာတ်ခွဲခန်း စက်ကိရိယာများ လှူဒါန်းရန်အတွက် ဝယ်ယူတင်သွင်းမှု ဖြစ်မြောက်ရေးဆိုင်ရာကိစ္စရပ်များကို     Kinnected Myanmar မှ  National  Director  Dr. Naw Jar က ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အလှူရှင် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေး ကော်မတီဥက္ကဋ္ဌဦးကျော်ကျော်ဝင်းနှင့် ဝေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ကိုယ်စား Director  ဒေါ်နွေးနွေးလှိုင်တို့က  လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံပြီး     ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထိုသို့လှူဒါန်းမှုများတွင် မန္တလေးမြို့ပြ ဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေး ကော်မတီမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)နှင့်    ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ငွေကျပ်၈ဝ၉၂ သိန်းခန့် တန်ဖိုးရှိ   ဓာတ်ခွဲခန်း စက်ကိရိယာ နှစ်စုံ၊    ဝေအောင်ကမ္ဘာ ကျောက်မျက် ကုမ္ပဏီလီမိတက်မှ မော်လမြိုင်၊ တောင်ကြီးနှင့်  လားရှိုးမြို့တို့ရှိ  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနများသို့ ငွေကျပ် ၉၂၄၂ သိန်းခန့်တန်ဖိုးရှိ ဓာတ်ခွဲခန်း စက်ကိရိယာသုံးစုံ တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    

 

Read 29 times Last modified on Thursday, 04 June 2020 09:20