SJ WorldNews - шаблон joomla Авто

ချင်းပြည်နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ

Thursday, 04 June 2020 09:29 font size decrease font size decrease font size increase font size increase font size

ချင်းပြည်နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို    သင်္ကြန်ကာလ မတိုင်မီကတည်းက ပိတ်ထားခဲ့ရာမှ ဇွန် ၃ ရက်တွင် ပြန်လည်ပြေးဆွဲ ခွင့်ပြုပေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် COVID-19 ရောဂါဖြစ်ပွားနေစဉ် အတွင်း အများပြည်သူသုံး ယာဉ်ကြီး/ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပြည့်စုံအောင် ဆောင်ရွက်စေပြီး   ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ(အဝေးပြေး)ကို စနစ်တကျ ပြေးဆွဲ ဆောင်ရွက်ကြရန်၊ ချင်းပြည်နယ် အတွင်းနှင့်   ချင်းပြည်နယ်ကျော် ခရီးသည်တင်ဆောင်ရာတွင် ယခင်သတ်မှတ် မော်တော်ယာဉ်တင် ခရီးသည်ဦးရေ၏ ၅ဝ  ရာခိုင်နှုန်းခန့်သာ တင်ဆောင်ရန်၊ သတ်မှတ်ယာဉ်စီးခ နှုန်းထား၏ ၅ဝ  ရာခိုင်နှုန်း တိုးကောက်ရန်နှင့် ချင်းပြည်နယ် အစိုးရမှ ခွင့်ပြုချက်ပေးထားသော်လည်း အခြား တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၏  ညွှန်ကြားချက်များ၊   ဒေသန္တရ အမိန့်များကို လိုက်နာဆောင်ရွက် သွားရမည်ဖြစ်သည်။

ဟားခါးမြို့ ပြည်တော်သာရပ်ကွက် အဝေးပြေးကားဂိတ်၌ တောင်ပြာတန်း၊ ချင်းမင်းသား၊ အလင်းတန်း၊ ယောထိပ်တန်း၊ ယောရွှေပြည်၊ ရွှေခြင်္သေ့၊ ရွှေလွင်ပြင်၊ အေးချမ်း၊ ပစ်တိုင်းထောင်၊ High Class ၊ ဟားခါးမန်း၊ ကျော်ဇေယျစသည့် မော်တော်ယာဉ်လိုင်းများ ရှိကြောင်း သိရသည်။

 

Read 30 times Last modified on Thursday, 04 June 2020 09:30