SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃ဝဝ ကျော် ဆက်လက် ဝင်ရောက်

Monday, 29 June 2020 08:08 font size decrease font size decrease font size increase font size increase font size

မြဝတီ   ဇွန်  ၂၈

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၃၆၆ ဦးသည် ယနေ့တွင် မြဝတီချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့်   ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ ထိုင်းနိုင်ငံဒေသ အသီးသီးမှ  ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့်  အခြားသော လိုအပ်ချက်များကို   ဆောင်ရွက်နိုင်ရန်အတွက်   ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်   ဦးသန့်ဇင်အောင်၊ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူး  ဦးတေဇာအောင်၊  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြဝတီခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးအောင်ခိုင်ဆွေနှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက  ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့ပြန်လည် ဝင်ရောက်လာသူများ အနေဖြင့်  တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတို့မှ အမျိုးသား ၂ဝ၈ ဦး၊ အမျိုးသမီး ၁၅၈ ဦး စုစုပေါင်း ၃၆၆ ဦးဖြစ်ကြောင်း သိရသည်။  

 

Read 16 times Last modified on Monday, 29 June 2020 08:09