SJ WorldNews - шаблон joomla Авто

နွားကွေ့ကျေးရွာရှိ အလွမ်းတောင်သို့ လာရောက်လည်ပတ် အပန်းဖြေသူ များပြား

Monday, 29 June 2020 08:31 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နွားကွေ့ကျေးရွာရှိ အလွမ်းတောင်ပေါ်သို့ လာရောက်လည်ပတ် အပန်းဖြေသူ များပြားနေကြောင်းသိရသည်။

အဆိုပါအလွမ်းတောင်ပေါ်တွင် ထိုင်ခုံနေရာများ၊ တန်းလွဲများ ပြုလုပ်ထားပြီး လာရောက်အပန်းဖြေသူများ အနေဖြင့် တောင်အောက်ရှိ ရှုခင်းများကို နောက်ခံထား၍ အလှဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်သည်။

အလွမ်းတောင်သည် တောင်နှစ်လုံးဖြစ်ပြီး  တောင်နှစ်လုံးကြားရှိ အတက်လမ်းနေရာ၌ ဝါးထရံကာ သက်ငယ်မိုးဖြင့်ပြုလုပ်ထားသော စာကြည့်တိုက်တစ်ခု တည်ရှိကာ နွားကွေ့ကျေးရွာမှ ကျောင်းသားလူငယ်များ၊ မိဘပြည်သူများနှင့် လာရောက်လေ့လာ လည်ပတ်ကြသူများ အပန်းဖြေနိုင်ရုံသာမက စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနိုင်ရန် နေရာများ ပြုလုပ်ပေးထားသည်။

လက်ရှိတွင် ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် နီးစပ်ရာ မြို့နယ်များမှ ဒေသခံများက ယခုကာလအတွင်း စိတ်ဖိစီးမှုဒဏ်မဖြစ်ပေါ်စေရန် လာရောက် အပန်းဖြေလေ့လာ လည်ပတ်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ် နွားကွေ့ကျေးရွာရှိ အလွမ်းတောင်တွင် စာကြည့်တိုက်နှင့်  အပန်းဖြေနေရာများ ထားရှိပေးထားသည့်အပြင် တောင်ထိပ်ပေါ်တွင် စေတီတစ်ဆူအား တည်ထားကိုးကွယ်ရန်    နွားကွေ့ရွာသူရွာသားများနှင့် အတူ ဝိုင်းဝန်းဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

 

Read 20 times Last modified on Monday, 29 June 2020 08:32