SJ WorldNews - шаблон joomla Авто

ခရီးသည်တင် ယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲလာသော်လည်း စီးနင်းသူ နည်းပါး

Monday, 29 June 2020 08:40 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး   မြိတ်မြို့၌ COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေး အတွက် ခေတ္တရပ်နားထားသော ခရီးသည်တင် ယာဉ်လိုင်းများကို ဇွန် ၅ ရက်မှစတင်ကာ မြိတ်မြို့ အဝေးပြေးကားဝင်းမှ မြိတ်-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲနေသော်လည်း လက်ရှိတွင် ခရီးသည်စီးနင်းသူ နည်းပါးနေကြောင်း   မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များ   ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ  သိရသည်။

''ခရီးသွားမယ့် ခရီးသည်တွေက ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာ ယူ လာရပါမယ်။ ဈေးနှုန်းက နှစ်ခုံမှာတစ်ယောက်ပဲ ထိုင်ရတယ်ဆိုတော့ မြိတ်-ရန်ကုန်အရင်က ငွေကျပ် ၂၃၅ဝဝ၊ အခု တစ်ယောက်ကို ငွေကျပ် ၃၃၅ဝဝ ပါ။  COVID-19 ရောဂါကာကွယ်တဲ့ အနေနဲ့ နှစ်ခုံတစ်ယောက်နှုန်းနဲ့ တင်တယ်။

ခရီးသည်လည်း ၅ဝ ရာခိုင်နှုန်းပဲ တင်ရမယ် သတ်မှတ်ထားလို့ ၅ဝ ရာခိုင်နှုန်းပဲ တင်ပါတယ်''ဟု  ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုင်းဒေသကြီးပြင်ပ ခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရာ၌  ယာဉ်အားလုံးမူလတင်ဆောင်နိုင်သည့် ခရီးသည် ဦးရေ၏  တစ်ဝက်သာ  တင်ဆောင်ရန်၊  ခရီးသည်၊

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အဝေးပြေး ကားဝင်းတွင် သက်မှတ်အကွာအဝေး အတိုင်းသာထိုင်ရန်၊ ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

မြိတ်မြို့၌   ခရီးသည်တင် ယာဉ်လိုင်းများကို  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စတင် ပြေးဆွဲလျက်ရှိကြရာ ခရီးသည်တင်ယာဉ်များတွင် သတ်မှတ် ဦးရေထက် ပိုမိုတင်ဆောင်ပါက ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီသို့ တိုင်ကြား နိုင်ကြောင်း၊ မြိတ်မြို့အဝေးပြေး ကားကြီးဝင်းသို့ ဆိုက်ရောက် ထွက်ခွာလျက် ရှိသည့် ယာဉ်လိုင်းများတွင် တိုင်းဒေသကြီးပြင်ပမှ ဆိုက်ရောက် ထွက်ခွာယာဉ်လိုင်း ၂၅ သင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း ၄ဝ သင်း စုစုပေါင်း ယာဉ်လိုင်းအသင်း  ၆၅ သင်းရှိကြောင်း အဆိုပါကော်မတီထံမှ  သိရသည်။

 

Read 22 times Last modified on Monday, 29 June 2020 08:42