SJ WorldNews - шаблон joomla Авто

Grade-2 ၊ Grade-3 အင်္ဂလိပ်စာ ဘာသာရပ်ကို AR နှင့် 4D ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားမည်

Monday, 29 June 2020 08:50 font size decrease font size decrease font size increase font size increase font size

အခြေခံပညာမူလတန်း Grade-2, Grade-3 အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရိပ်ယောင် ရုပ်လုံးကြွ)နှင့် 4D  ရုပ်လုံးကြွ နည်းပညာဖြင့် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ AR နှင့် 4D   သင်နိုင်မည့် App ပါဝင်သော 360ed Universe Learning Platformကို 360ed ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

360ed Universe Learning Platformတွင် အခြေခံပညာ Grade-2 နှင့်Grade-3အင်္ဂလိပ်စာဘာသာရပ်ကို တယ်လီဖုန်း၊ တက်ဘလက်များဖြင့် အင်တာနက် မလိုဘဲချိတ်ဆက်သင်ယူနိုင်မည့် အခမဲ့သင်ထောက်ကူ အပလီကေးရှင်းကို ထည့်သွင်းထားခြင်းဖြစ်သည်။

ဖုန်းတွင်ဒေါင်းလုတ် ရယူပြီးပါက အင်တာနက်မလိုဘဲ Offline ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။  ပညာရေး ဝန်ကြီးဌာနက ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေမည့်  Grade-2, Grade-3 ကျောင်းသုံးပုံနှိပ်စာအုပ်များ၏ ကျောဘက်တွင်၎င်းအပလီကေးရှင်းကို ဒေါင်းလုတ်ရယူနိုင်ရန် Scan Code  ထည့်ပေးမည်ဖြစ်ပြီး မိုဘိုင်းဖုန်းရှိပါက ကျောင်းချိန်ပြင်ပတွင်ပါ သင်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Read 17 times Last modified on Monday, 29 June 2020 08:52