SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ပုံမှန်ခရီးသည်တင် လေကြောင်း ခရီးစဉ်များ  မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်း ဆိုင်ရာညွှန်ကြားချက်၏ သက်ရောက်မှု ကာလတိုးမြှင့်သတ်မှတ်ခြင်း

Monday, 29 June 2020 09:28 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက (၂၉-၃-၂ဝ၂ဝ)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ပုံမှန် ခရီးသည်တင် လေကြောင်းခရီးစဉ် (International Commer- cial Passenger Flight) များ မြန်မာနိုင်ငံသို့ ပျံသန်း ဆင်းသက်ခြင်းကို ယာယီကန့်သတ် ခြင်းဆိုင်ရာ ညွှန်ကြားချက် (Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် (၃ဝ-၆-၂ဝ၂ဝ) ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည် ဝင်ရောက်ရေးနှင့် နိုင်ငံတော်နှင့် ပြည်တွင်း/ ပြည်ပအဖွဲ့ အစည်း များ၏ အမှန်တကယ် လုပ်ငန်း လိုအပ်ချက်အရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များ နှင့်အညီ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အထက်ပါ Temporary Measures ဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလကို  (၁-၇-၂ဝ၂ဝ) ရက်နေ့ မှ  (၃၁-၇-၂ဝ၂ဝ) ရက်နေ့ အထိ ထပ်မံတိုးမြှင့် သတ်မှတ် လိုက်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။                                 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန

Read 27 times Last modified on Monday, 29 June 2020 09:30