SJ WorldNews - шаблон joomla Авто

က .ည .န (ရွာသာကြီး)၌ လက်တွေ့ယာဉ်မောင်းနှင် ဖြေဆိုခြင်းအပြင် ရေးဖြေ ဖြေဆိုခြင်းကိုပါ ဆောင်ရွက် နိုင်ရေး စီစဉ်နေ

Monday, 29 June 2020 09:58 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ယာဉ်မောင်းလိုင်စင်

ရန်ကုန်တိုင်းဒေသကြီး  ကုန်းလမ်းပို့ ဆောင်ရေး   ညွှန်ကြားမှုဦးစီးဌာနရုံးခွဲ (က.ည.န)ရွာသာကြီး၌ ယာဉ်မောင်း လိုင် စင်ဖြေဆိုရာတွင် လက်တွေ့ယာဉ်မောင်းနှင် ဖြေဆိုခြင်းအပြင် ရေးဖြေ ဖြေဆိုခြင်းကိုပါ  ဆောင်ရွက်နိုင်ရေး   စီစဉ်နေကြောင်း  က.ည.န(ရွာသာကြီး)မှ တာဝန်ရှိသူတစ်ဦး ၏ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင်  က.ည.န(ရွာသာကြီး)၌ ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း  အသိပညာပေးသင်တန်းများ ဆောင်ရွက် နိုင်ရန် ရုံးအဆောက်အအုံများ တည်ဆောက်နေပြီး ယင်းအဆောက်အအုံများ ပြီးစီးပါက  ရေးဖြေ ဖြေဆိုခြင်း ကိုပါ ထည့်သွင်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်မောင်းလိုင်စင်   ဖြေဆိုတဲ့အခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်း ရော  ရေးဖြေ  ဖြေဆိုခြင်းကိုပါ တစ်နေရာ တည်းဆောင်ရွက်နိုင်ဖို့ ရုံးအဆောက်အအုံ တည်ဆောက်နေပါတယ်။ အဲဒါပြီးရင် လုပ် ငန်းစလို့ရပါပြီ'' ဟု ၎င်းကပြောသည်။

အဆိုပါ အဆောက်အအုံသစ်တည် ဆောက်ပြီးစီးပါက က.ည.န (မြင်သာ)၌ ဆောင်ရွက်သည့်အတိုင်း ယာဉ်မောင်း လိုင်စင် ဖြေဆိုခြင်းကို တစ်ရက်လျှင် လေး ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် လူဦးရေ ၁ဝဝအတွက် စီစဉ်ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် လက် တွေ့မောင်းနှင် ဖြေဆိုခြင်းကို က.ည.န (ရွာသာကြီး)၌ ဖြေဆိုရပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တစ်ရက်တာ သင်တန်းနှင့် ယာဉ်မောင်းလိုင်စင် ရေးဖြေ ဖြေဆိုခြင်းကို  က.ည.န (မြင်သာ) ၌ ဆောင်ရွက်ရကြောင်း  သိရသည်။

ကျော်ကို

Read 24 times Last modified on Monday, 29 June 2020 09:59