SJ WorldNews - шаблон joomla Авто

ယခု ရက်ပိုင်း အတွင်း ပန်းဆိုးတန်း- ဒလ ကူးတို့ ရေယာဉ်စီးနင်းသူ ခရီးသည်ဦးရေ အနည်းငယ် မြင့်တက်လာ

Monday, 29 June 2020 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ရေကြောင်း ပို့ဆောင်ရေး

COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ခရီးသည်များအသုံး ပြုနေရသော  ပန်းဆိုးတန်း - ဒလ ကူးတို့ ရေယာဉ်လမ်းကြောင်းတွင်    ခရီးသည် စီးနင်းမှုနည်းပါးခဲ့ရာမှ ယခုရက်ပိုင်းတွင် အနည်းငယ်မြင့်တက် လာကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး  ပန်းဆိုးတန်း ဆိပ်ကမ်းမန်နေဂျာရုံးမှ သိရသည်။

''ဒီရက်ပိုင်း ခရီးသည်ဦးရေ အနည်း ငယ်မြင့်တက်လာပါတယ်။   ဒါကလည်း COVID-19 ရောဂါကာလမှာ ပိတ်ထားတဲ့ ရုံးတွေ ပြန်လည်ဖွင့်လှစ်လာတာကြောင့် ဖြစ်ပါတယ်။  ဒါပေမဲ့  စနေ၊  တနင်္ဂနွေ ရုံးပိတ်ရက်တွေ ဆိုရင် အရင်ကလို အပြင် ထွက်လည်ကြတဲ့ ခရီးသည် သိပ်မရှိတော့ဘူး'' ဟု ပန်းဆိုးတန်း ဆိပ်ကမ်းမန်နေဂျာ  ဒေါ်ခင်ခင်နုကပြောသည်။

အဆိုပါကူးတို့ရေယာဉ်လိုင်းတွင်  ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ငွေကျပ် ၁ဝဝသာကျသင့်ကာ   ယခင်က တစ်ရက်လျှင်  ခရီးသည် ၃ဝဝဝဝ ဝန်းကျင် နေ့စဉ်သွားလာနေကြပြီး သင်္ကြန်ပိတ်ရက်နှင့်  Stay Home ရက်များ တွင် တစ်ရက်လျှင် ၃ဝဝ မှ ၅ဝဝ ကြားသာ သွားလာနေရာမှ မေလတွင် ၅ဝဝဝ မှ ၈ဝဝဝ ဝန်းကျင်အထိ  မြင့်တက် လာပြီး ဇွန် ၁ ရက်မှစ၍ပြေးဆွဲမှု ကို ပုံမှန်အတိုင်း အခေါက်ရေ ၉ဝ ကျော်အထိ  ပြန်လည် တိုးမြှင့်ပြေးဆွဲခဲ့ကာ ခရီး သည်စီးနင်းမှုမှာ ၁၅ဝဝဝ မှ ၁၈ဝဝဝ ကြား မြင့်တက်လာကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် တစ်ရက်လျှင် ခရီးသည် ၂ဝဝဝဝ နီးပါး အနည်းငယ်မြင့်တက် လာသော်လည်း  ယခင်  ဃဥဠှီု-၁၉ မတိုင်မီအခြေအနေကိုမီရန် လိုအပ်ချက် များရှိနေသေးကြောင်း သိရသည်။

''အခုအချိန်အထိလည်း သင်္ဘောပေါ် မှာ COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ပညာပေးတာတွေ လုပ်ဆောင်နေပါ တယ်။ လူထုကြားမှာ ခရီးသွားရင်း ကူးစက်တာမျိုး မရှိအောင်  Social Distancing အနေနဲ့ ဆောင် ရွက်ကြဖို့   သတိပေးထားတယ်။ ခရီးသည်တိုင်း Mask  တပ်ဖို့၊ လက်ဆေးဖို့ ကြပ်မတ်နေပါတယ်'' ဟု ဒေါ်ခင်ခင်နုက ပြောသည်။

ထို့ပြင်  ညဘက်တွင် ရေယာဉ်များ၊  ဆိပ်ခံတံတားများနှင့်  ခရီးသည်နားနေ ဆောင်များအပါအဝင် နေရာ အားလုံး ကို   ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်လျက်ရှိသည်။

ကူးတို့ရေယာဉ်ခရီးစဉ် လမ်းကြောင်း၌ ရေယာဉ်နှစ်စင်းဖြင့်  နေ့စဉ်ပြေးဆွဲနေပြီး နံနက် ၅ နာရီကျော်တွင် ဒလ ဘက်ကမ်း မှ  စတင်ထွက်ခွာကာ  ည ၈ နာရီခွဲတွင် ပန်းဆိုးတန်း ဘက်ခြမ်းမှ    ဒလဘက်သို့  ရေယာဉ်များ ထွက် ခွာပြီး   ဒလဘက်တွင်  ညအိပ် ရပ်နားမှုများကို လုပ်ဆောင်ကြောင်းသိရသည်။        

ထက်ခိုင်(စမ်းချောင်း)

Read 28 times Last modified on Monday, 29 June 2020 10:00