SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံမှ လုပ်သားခေါ်ယူမှု ပြန်ဖွင့်ချိန်တွင် မြန်မာ အလုပ်သမားများကို တိုးမြှင့်ခေါ်ယူရန် ကမ်းလှမ်းထား

Monday, 29 June 2020 10:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ အလုပ်သမားရေးရာ

အလုပ်သမားလိုအပ်ချက်မြင့်မားနေ သည့်   ဂျပန်နိုင်ငံ၌   လုပ်သားခေါ်ယူမှု ပြန်ဖွင့်ချိန်တွင် မြန်မာ အလုပ်သမား များကို တိုးမြှင့်ခေါ်ယူရန် ကမ်းလှမ်းထားပြီး လက် ရှိတွင် အလုပ်ခေါ်စာများရရှိထားကြောင်း  ငွေကြိုးကြာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှမန်နေးဂျင်းဒါရိုက်တာ ဦးစိုင်း စည်သူ၏ပြောပြချက်အရ သိရသည်။

''ဂျပန်နိုင်ငံက   အလုပ်ခေါ်စာတွေရ ထားပါတယ်။ လက်ရှိမှာလည်း COE ကျ ထားတာ ၂ဝ လောက်ရှိပြီး COE တင်ထား တာက  ၁ဝဝ  ကျော်လောက်ရှိပါတယ်။ ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ပြု လိုက်တာနဲ့  အားလုံး တစ်ပြိုင် တည်း ရမှာပါ''ဟု ဦးစိုင်းစည်သူက ပြောသည်။

ဂျပန်နိုင်ငံ အနေဖြင့် ဇူလိုင်လတွင် နိုင်ငံ ခြားသား အလုပ်သမားများအား ပြန်လည် ခေါ်ယူရန်မျှော်မှန်းထားပြီး ကနဦး အနေဖြင့် နိုင်ငံလေးနိုင်ငံမှ လုပ်သားများကို ခေါ်ယူရန်ပြင်ဆင် လျက်ရှိကာ ဦးစားပေးခေါ် ယူမည့် နိုင်ငံစာရင်း ကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ  အလုပ်ရှင်များအနေဖြင့် မြန်မာအလုပ်သမားများကို ဦးစားပေးခေါ် ယူရန်  စိတ်ဝင်စားမှုရှိကာ  အလုပ်ခေါ် စာများရရှိထားပြီး ကမ်းလှမ်းမှုများလည်း ရှိနေသည့်အတွက်  မြန်မာအလုပ်သမား များအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာရှိနေကြောင်း သိရသည်။

ဇွန်သီတာ

Read 24 times Last modified on Monday, 29 June 2020 10:04