SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ သတင်း ထုတ်ပြန် ကြေညာချက်

Tuesday, 30 June 2020 07:58 font size decrease font size decrease font size increase font size increase font size

ရက်စွဲ။  ။ ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်

၁။ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဆန်ပြည်ပတင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်  နိုင်ငံတော်ရိက္ခာ အရန်ဆန် ဝယ်ယူသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စရပ်များကို(၂၆-၆-၂ဝ၂ဝ)ရက်နေ့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါအစည်းအဝေးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ခြင်းနှင့် အရန်ဆန် ဝယ်ယူခြင်း ကိစ္စရပ်များအပေါ် ဖြေလျှော့စီစဉ်ပေးရန်  ညှိနှိုင်းဆုံးဖြတ်ခဲ့မှုများအား အောက်ဖော်ပြပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

(၁)  ပြည်ပဆန်တင်ပို့ခြင်းအား ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် တစ်လလျှင် ဆန်တန်ချိန် ၁ ဒသမ ၅ သိန်းစီနှင့် စက်တင်ဘာလတွင် ဆန်တန်ချိန် တစ်သိန်း၊ စုစုပေါင်း တန်ချိန် လေးသိန်း  ထပ်မံတင်ပို့ရန်  လျာထားပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့ခြင်း အပေါ် တန်ချိန် ၂ ဒသမ ၄ သန်း လျာထား သတ်မှတ်လျက် ပြည့်မီစွာ တင်ပို့နိုင်ရေးကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ  ကြိုးပမ်းဆောင်ရွက်ပေးရန်။

(၂)  ၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လမှစတင်၍ ကုမ္ပဏီများ၏ ဆန်ပြည်ပ တင်ပို့မှုအပေါ် ပမာဏ ကန့်သတ်ထားခြင်း စနစ်အားပယ်ဖျက်လျက် Contract စာချုပ်များအရ လိုင်စင်လျှောက်ထားခြင်းကို ခွင့်ပြုသတ်မှတ်ပေးရန်။

(၃)     နိုင်ငံတော် ရိက္ခာအရန်ဆန် ၁ဝ ရာခိုင်နှုန်း ပေးသွင်းခြင်းအား (၁-၇-၂ဝ၂ဝ)ရက်နေ့မှစတင်၍ ပို့ကုန်ပမာဏ၏ ၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ရန်နှင့် ပို့ကုန်လိုင်စင်မလျှောက်ထားမီ ၂ ဒသမ ၅ ရာခိုင်နှုန်း ပေးသွင်းပြီး ပို့ကုန်လိုင်စင်ရပြီး    ၁၅ ရက်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းပေးသွင်းသည့်စနစ်ကို ဆောင်ရွက်ပေးရန်။

(၄)     ဆန်ပို့ကုန်လိုင်စင်၏ သက်တမ်းအား ယခင် ၄၅ ရက် အစား ရက်ပေါင်း ၆ဝ အထိတိုးမြှင့် သတ်မှတ်ပေးရန်။               

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

 

Read 16 times Last modified on Tuesday, 30 June 2020 07:59