SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စက်ရုံအလုပ်ရုံ ၆ဝဝဝ ကျော် ပိတ်သိမ်းခဲ့ရပြီး အလုပ်လက်မဲ့ဦးရေ တစ်သိန်းခွဲခန့်အထိရှိ

Tuesday, 30 June 2020 08:37 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း စီးပွားရေး လုပ်ငန်းများ အခက်အခဲဖြစ်ကာ လက်ရှိကာလအထိ  စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန ၆ဝဝဝ   ကျော်ပိတ်သိမ်းခဲ့ရပြီး   အလုပ်လက်မဲ့ဦးရေ    တစ်သိန်းခွဲခန့်အထိ ရှိလာကြောင်း သိရသည်။

''အလုပ်သမား  တစ်သိန်းခွဲကျော်နဲ့ စက်ရုံပိတ်တာ  ၆ဝဝဝ ကျော်ဆိုတာက တခြားအလုပ်ဌာနတွေရော  အားလုံးပါ တယ်။ စက်ရုံ၊ အလုပ်ရုံ  ၂၂ဝ  ကျော်လောက်က အလုပ်သမား  ၆ဝဝဝ ကျော်လောက်ရှိတယ်''ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောသည်။

အဆိုပါ ပိတ်သိမ်းထားမှုများတွင် စက်ရုံ၊ အလုပ်ရုံများနှင့်  တခြားအလုပ်အကိုင်များ ဖြစ်သည့်   စားသောက်ဆိုင် လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ စသည့်လုပ်ငန်း ပေါင်းစုံပါဝင်ပြီး  အလုပ်သမားများကို  အလုပ်အကိုင်များ ပြန်လည် ဖန်တီးပေးနိုင်ရန် အလုပ်ရှင်၊  အလုပ်သမားနှင့်အစိုးရ     သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းလုပ်သား တစ်သိန်းခွဲနှင့် ပြည်ပမှ  ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာ အလုပ်သမားများလည်း ပြည်တွင်းအလုပ်အကိုင်လိုအပ်လာပြီဖြစ်ရာ အစိုးရအနေဖြင့်   ပြည်တွင်းအလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်ရန်  လိုအပ်လာကြောင်းကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲ၌   အလုပ်သမား ကိုယ်စားလှယ်များက   တင်ပြဆွေးနွေးထားပြီး  အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အလုပ်အကိုင် ရှာဖွေရေးရုံများ၊မြို့နယ်တိုင်းရှိ  အလုပ်ရှင်များနှင့် ချိတ်ဆက်ကာ လုပ်သား လိုအပ်နေသည့်စက်ရုံများ၊  အလုပ်ရုံများ၊  ကုမ္ပဏီများနှင့် အစိုးရဌာနများ၌ ဝန်ထမ်း ခေါ်ယူနေသည့်   အလုပ်ရှာဖွေကြော်ငြာများ  လိုက်လံကြော်ငြာပေးလျက် ရှိကြောင်း သိရသည်။

အလုပ်အကိုင် ဖော်ဆောင်သည့် အနေဖြင့် လုပ်ငန်းရှင်များ ဆက်လက်လည်ပတ် လုပ်ကိုင်နိုင်ရန် ချေးငွေများကို အတိုးနှုန်း သက်သက်သာသာဖြင့်   ဆောင်ရွက်ပေးသည့် အပြင် တခြားသော ဖြေလျှော့မှုများကိုလည်း ဆောင်ရွက် ပေးနေကြောင်း၊  လက်ခစားစနစ် (CMP)၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အပေါ်   ပံ့ပိုးမှုများအပြင် လုပ်ငန်းရှင်များမှ  လူမှုဖူလုံရေး ထည့်ဝင်ကြေးကိုလည်း  သုံးလ ဆိုင်းငံ့ထားကြောင်း သိရသည်။  

 

Read 24 times Last modified on Tuesday, 30 June 2020 08:38