SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မြေများအား  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ

Tuesday, 30 June 2020 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ်အတွင်း  ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက် ပွဲ၌ လွှတ်တော် မဲဆန္ဒနယ်များအဖြစ် ကြေညာချက်အမှတ် (၁၁၁/၂ဝ၂ဝ)ဖြင့် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ်(၁၁၂/ ၂ဝ၂ဝ) ဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် များကို လည်းကောင်း၊ ကြေညာ ချက်အမှတ်(၁၁၃/၂ဝ၂ဝ)ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်  ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်များကိုလည်းကောင်း၊ ကြေညာချက်အမှတ် (၁၁၄/၂ဝ၂ဝ)ဖြင့် တိုင်းဒေသကြီးလွှတ်တော်  သို့မဟုတ် ပြည်နယ် လွှတ်တော်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကိုလည်းကောင်း ဇွန်လ၂၉ ရက်စွဲဖြင့် သတ်မှတ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ  သတ်မှတ်ထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်းကျင်းပမည့် လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ် များမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊  တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ် ၂၉နယ်ဖြစ်ကြောင်း သိရသည်။

ယင်းမဲဆန္ဒနယ်မြေများ သတ်မှတ်ထုတ်ပြန်ချက်များနှင့်လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေ စာရင်း အသေးစိတ်ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Webstie ဖြစ်သော www.uec.gov. mm နှင့်  Facebook   စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)

 

Read 26 times Last modified on Tuesday, 30 June 2020 09:43