SJ WorldNews - шаблон joomla Авто

သုံးလတာ ကာလ အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်ဝင်ထွက်  သွားလာမှုပမာဏ  ၈၅ ရာခိုင်နှုန်း အထိ ကျဆင်း

Tuesday, 30 June 2020 11:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ လေကြောင်းလိုင်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ် ဝင်ထွက်သွားလာမှု ပမာဏကို ယခင်နှစ်ကာလတူ မတ်လမှ မေလအထိ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပါက   ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ခရီးသည် ဝင်ထွက်မှု ပမာဏ လည်း ၉၆ ရာခိုင်နှုန်း အထိ လျော့နည်းခဲ့ကြောင်း Yangon Aerodrome  Co.,Ltd.  (YACL) မှ သိရသည်။

မတ် ၃ဝ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများပျံသန်းမှုကို ယာယီ ရပ်ဆိုင်းထားပြီး  တချို့သော ပြည်တွင်း လေကြောင်းလိုင်းများ၏ ခရီးစဉ်လျှော့ချ ပျံသန်းမှုများကြောင့် ခရီးသည်နှင့် လေဆိပ် အသုံးပြုသူ နည်းပါးခဲ့ရာ    ပြည်ပဆိုက် ရောက်၊  ထွက်ခွာ  (Terminal  1) ရှိ အရောင်းဆိုင်ခန်းများနှင့် စားသောက်ကုန် ဆိုင်ခန်း များကို လုံးဝပိတ်ထားခဲ့ရပြီး ပြည် တွင်းဆိုက်ရောက်၊ ထွက်ခွာ Terminal 3 ရှိ  ဆိုင်ခန်းတချို့ ကိုသာ  ဆက်လက် ဖွင့်လှစ်ထားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Terminal  1)  ရှိ အပြည်ပြည်ဆိုင်ရာခရီး သည်တင်လေယာဉ်များ   ပျံသန်း ခွင့်ကို ဇူလိုင် ၃၁ ရက်အထိ ရပ်ဆိုင်းလိုက်ပြီဖြစ် သော်လည်း Terminal 3 ရှိ ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပျံသန်းမှုကို ပုံမှန် အတိုင်း ဝန်ဆောင်မှုပေးလျက်ရှိပြီး ခရီး သည်များအနေဖြင့် COVID-19 ရောဂါ ကာကွယ် တားဆီးနိုင်ရန် လေဆိပ်အတွင်း ချမှတ်ထားသော  ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို  လိုက်နာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။    

လင်းခန့်

Read 23 times Last modified on Tuesday, 30 June 2020 11:21