SJ WorldNews - шаблон joomla Авто

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာများ ရွေးချယ်

Wednesday, 01 July 2020 09:26 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ ဇွန် ၂၉ ရက်နံနက်ပိုင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လောင်းလုံးမြို့နယ်အတွင်းရှိ Cash for work စီမံကိန်းကျေးရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း    ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန္ဒီက အမှာစကား ပြောကြားပြီး ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဦးစိုးလင်းက ကျေးရွာရွေးချယ်ခြင်း ခံရမည့် အခြေခံအချက်များနှင့် သတ်မှတ်ထားသော စံနှုန်းများ အကြောင်းကို ပြောကြားသည်။

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် Cash for work စီမံကိန်းကျေးရွာများ ဖြစ်သော စမ်းလှမ်းကျေးရွာ၊ တောရှည်၊

ပင်လယ်စခန်း၊ လယ်လှ၊ အင်းဂနီတွင်း၊ ကျေးနုတ်ပြင်၊ ကထိန်ကြီး၊ တဒက်ငယ်ထိန်၊ ပြင်ကြီး၊ ဝေဒီ၊ ထိန်လယ်ကျေးရွာ ၁၁ ရွာနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာများဖြစ်သော ကြက်လွှတ်၊ မကျွန်းမော်၊ ဆင်ကူး၊ ပြင်ကြီးကျေးရွာ လေးရွာ စုစုပေါင်းကျေးရွာ ၁၅ ရွာတို့အား ရွေးချယ် အတည်ပြုကြကြောင်း သိရသည်။

Read 17 times Last modified on Wednesday, 01 July 2020 09:28