SJ WorldNews - шаблон joomla Авто

ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ နိုင်ငံခြားသား ဝင်ထွက်ပေါက် အဆောက်အအုံ တိုးချဲ့ ပြုပြင်ပြီးစီး

Wednesday, 01 July 2020 10:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ထွက်ရာ ဝင်ပေါက်အဆောက်အအုံသည် နေရာကျဉ်းမြောင်းနေသည့် အတွက် COVID- 19  ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း  လိုအပ်သည့်ပြုပြင်မှုများ တိုးချဲ့တည်ဆောက်ခဲ့ကြောင်း စေတီတော်ဂေါပက အဖွဲ့မှ သိရသည်။

““အဲဒီနေရာက  ၁၀   ပေပတ်လည် လောက်ပဲရှိတယ်။ ဒါကြောင့် အဝင်လမ်း၊ အထွက်လမ်းတွေကို ဝင်ထွက်လို့ရအောင် ပြန်လည်ပြုပြင်ထားပါတယ်။စေတီတော် ဖူးမြော်ခွင့် ယာယီ ပိတ်ထားတဲ့ အချိန်မှာ   လုပ်ဆောင်တာ ဖြစ်ပါတယ်”” ဟု စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ယာဉ်ရပ်နားဝင်းများအတွင်း ယာဉ်လမ်းကြောင်း သတ်မှတ်မျဉ်းများကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊  သိင်္ဂုတ္တရ ဥယျာဉ်တော် မီးတပ်ဆင်ရေး ကိစ္စများနှင့် ရွှေတိဂုံစေတီတော်၏     စိန်ဖူးတော် ဆလိုက်မီးထွန်းခြင်း စသည့် လုပ်ငန်းများ လုပ်ဆောင်နေသကဲ့သို့    ဂေါပကအဖွဲ့ ဝန်ထမ်းများမှ တာဝန်ယူ၍ ပုံမှန်အတိုင်း  ပန်း၊  ရေချမ်း၊  ဆွမ်းတော်ကပ်လှူခြင်းများ ကိုလည်း လုပ်ဆောင် လျက်ရှိသည်။

ရွှေတိဂုံစေတီတော်ရှိ    မုခ်လေးခု၌ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ထွက်နိုင်သည့် သီးခြားဝင်ပေါက် အဆောက်အအုံများ ဆောက်လုပ်ထားပြီး မြောက်ဘက်မုခ်ရှိ   ကျဉ်းမြောင်းနေသည့်နေရာကို တိုးချဲ့တည်ဆောက်နေခြင်း ဖြစ်သည်။

COVID-19 ရောဂါမတိုင်မီ ရွှေတိဂုံစေတီတော်သို့   နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုသည် ယခုနှစ်  ဇန်နဝါရီလက ၉၂၄၃၉ ဦး၊ ဖေဖော်ဝါရီလက ၅၄၅၂၉ ဦး၊  မတ်လက  ၁၆၀၁၄ ဦး စသည်ဖြင့် လာရောက် ခဲ့ပြီး ဇန်နဝါရီလက တရုတ် နိုင်ငံမှ အများဆုံး လာရောက်ခဲ့သော်လည်း ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ထိုင်းနိုင်ငံ မှ အများဆုံး လာရောက်ခဲ့ကြောင်း   သိရသည်။        

 

Read 24 times Last modified on Wednesday, 01 July 2020 10:16