SJ WorldNews - шаблон joomla Авто

မန်ဆူကားဝင်းမှ ယာဉ်လိုင်း ၅၂ လိုင်းဖြင့် ပြေးဆွဲနေသော်လည်း ခရီးသည် စီးနင်းမှု နည်းပါး

Wednesday, 01 July 2020 10:37 font size decrease font size decrease font size increase font size increase font size

 

ရှမ်းပြည်နယ်  (မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူအဝေးပြေးကားလေးဝင်းမှ နေ့စဉ်ယာဉ်လိုင်း ၅၂ လိုင်း၊ ယာဉ်အစီးရေ တစ်ရာကျော်ဖြင့် လားရှိုးမှ မန္တလေး၊ မူဆယ်၊လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံအစရှိသည့် မြို့ကြီးတို့သို့ နေ့စဉ်ပုံမှန် ပြေးဆွဲနေသော်လည်း ခရီးသည် လိုက်ပါစီးနင်းမှု နည်းပါးလျက်ရှိပြီး ကုန်ပစ္စည်းကိုသာ အဓိကထား တင်ဆောင်ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းဂိတ်များမှ သိရသည်။

ခရီးသည်ယာဉ်ပြေးဆွဲမှုနှင့် ပတ်သက်၍ ယာဉ်လိုင်းဂိတ်မှူး တစ်ဦးက ““COVID-19ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း   ယာဉ်လိုင်းတွေ ရပ်နားထားရာကနေ   ပြန်ဖွင့်တာ တစ်လပြည့်သွားပါပြီ။  ယာဉ်လိုင်း ၅၂ လိုင်း၊ ကားအစီးရေ ၂၀၀ကျော်ရှိတယ်။ အခုကတော့ ခရီးသွားလာမှု နည်းပါးတဲ့အတွက် နေ့စဉ်အစီးရေ ၁၀၀ ကျော်နဲ့ ပုံမှန်ပြေးဆွဲနေတာပါ။ ကားခကလည်း ခရီးသည်တစ်ဦးကို နှစ်ဦးခ ပေးစီးရတာဆိုတော့  ခရီးသည်တွေလည်း  အဆင်မပြေဘူး။

တစ်ခါတလေကျတော့လည်း ခရီးသည် အခြေအနေကြည့်ပြီး ယာဉ်စီးခ တောင်းရတာတွေရှိတယ်။ယာဉ်လိုင်းတွေ အနေနဲ့ကတော့ ခရီးသည် နည်းပါးတဲ့အတွက် ကုန်ပစ္စည်းကိုပဲ အဓိကထားပြေးဆွဲနေရတယ်”” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားလာမှု နည်းပါးပြီး ယာဉ်မောင်းသူများမှာလည်း အလှည့်ကျပြေးဆွဲနေရခြင်းတို့ကြောင့်   ဝင်ငွေရရှိမှု နည်းပါးလျက် ရှိကြောင်း   သိရသည်။

 

Read 24 times Last modified on Wednesday, 01 July 2020 10:39