SJ WorldNews - шаблон joomla Авто

ကတ်စနစ်ဖြင့့် YBS ယာဉ်စီးခ ပေးချေမှုကို ဇူလိုင်လအတွင်း စမ်းသပ် သုံးစွဲရန်  စီစဉ်နေ

Wednesday, 01 July 2020 11:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ပို့ဆောင်ရေး

ရန်ကုန်မြို့၌   ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေး ချေမှုကို ကတ်စနစ်ဖြင့်ပေးချေနိုင်ရန် စီစဉ်  လျက်ရှိရာ ဇူလိုင်လအတွင်း အများပြည်သူ ကြားစမ်းသပ်သုံးစွဲရန်  စီစဉ်နေကြောင်း  Asia Starmar Transport Intelligent   Co.,Ltd.  မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

''ခန့်မှန်းထားတာတော့ ဇူလိုင်လထဲမှာ စတင်မယ်။ ယာဉ်တွေမှာလည်း စက်တွေ တပ်ဆင်ပြီးစီးတာ ရှိသလို COVID-19 ရောဂါ မတိုင်ခင်ကလည်း ယာဉ်လိုင်းတာဝန် ရှိသူတွေနဲ့ စမ်းသပ်လုပ်ဆောင်နေတာ တွေရှိပါတယ်။ ဒီကြားထဲမှာ နည်းပညာ ပိုင်းအရ  လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ ဒီလုပ်ငန်းကို ရပ်နားထားတာ မဟုတ် ပါဘူး။ လောလောဆယ် ဒီလိုစီစဉ်ထားပေ မယ့် တရားဝင်စာ မထွက်သေးတော့ နည်းနည်း စောင့်နေရတာပါ'' ဟု  ၎င်းကပြော သည်။

ထိုသို့ကတ်စနစ်စတင်ရာတွင် YBS ယာဉ်လိုင်း၁ဝလိုင်းမှ ၁၅ လိုင်းခန့်အထိ စတင်စမ်းသပ် သုံးစွဲရန် လျာထားပြီး လက်ရှိ တွင် ယာဉ်အစီးရေ ၂ဝဝဝ ခန့်၌ စက်များ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကတ်စနစ်စမ်းသပ်လုပ်ဆောင် ရာတွင် ပုံသေယာဉ်စီးခအခြေအနေ သတ်မှတ်ချက်မျိုးဖြင့်သာ လုပ်ဆောင် မည်ဖြစ် သော်လည်း နောက်ပိုင်းတွင် စီးနင်းသည့် မှတ်တိုင်အလိုက် ကျသင့်သော ယာဉ်စီးခ ကိုသာ  ဖြတ်တောက်သော စနစ်မျိုးဖြင့် လုပ်ဆောင်မည်ဖြစ်သည်။ ခရီးသည်များ အနေဖြင့်လည်း ငွေဖြည့်သွင်းခြင်းနှင့် ကတ်များ ဝယ်ယူခြင်း တို့အတွက်  ရန်ကုန်မြို့ တွင်းရှိ  G  &  G အရောင်းဆိုင်များနှင့် ညှိနှိုင်း စီစဉ်နေပြီး YPS  Logo များ  တပ်ဆင်ထားသည့်ဆိုင်များ၌ ဝယ်ယူနိုင် ရန် စီစဉ်နေကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 23 times Last modified on Wednesday, 01 July 2020 11:58