SJ WorldNews - шаблон joomla Авто

အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ ကျင်းပ

Tuesday, 10 October 2017 10:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ ၉                                           

နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ဦးစီးဖွင့်လှစ်သည့်   အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း  အမှတ်စဉ် (၃၉/၂ဝ၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင်  နိုင်ငံခြားရေးဝန်ကြီး ဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် သံတမန်ရေးရာနှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များ၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ၊ စေ့စပ်ညှိနှိုင်းမှု ပညာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးများ ကျင်းပခြင်း၊  နိုင်ငံ တကာဆက်ဆံရေး ပညာရပ်များ၊  စီးပွားရေးဆိုင်ရာ ဘာသာရပ်များကို  ပို့ချမည်ဖြစ် ပြီး    သင်တန်းကာလမှာ   ရက်သတ္တ ၁၂  ပတ်ကြာမြင့်မည်ဖြစ်ကြောင်း  သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့  နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် အငြိမ်းစား သံအမတ်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်   တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊  သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

Read 385 times Last modified on Tuesday, 10 October 2017 10:44