SJ WorldNews - шаблон joomla Авто

ဈေးကွက် စီးပွားရေးစနစ် အသိပညာပေး ဆွေးနွေး

Tuesday, 10 October 2017 11:00 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် အောက်တိုဘာ 

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက   ဒေသတွင်းစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုအခြေပြု ဈေးကွက်စီးပွားရေးစနစ်  အသိပညာပေး ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က အဖွင့်အမှာစကား ပြောကြားပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်မှုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးက မိတ်ဆက်စကား ပြောကြားသည်။

ထို့နောက် မော်လမြိုင်အခြေပြု National Enlightenment Institute (NEI) မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုက အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စီးပွားရေးအကြံပေး ပညာရှင်များဖြစ်ကြသော ဦးသုတအောင်နှင့် ဦးတင်လင်းတို့က စီးပွားရေးပုံစံနှင့် စနစ်များအကြောင်း၊ လူမှုအခြေပြုဈေးကွက်စီးပွားရေး စနစ်များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေး ဦးစီးဌာန အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန၊ မော်လမြိုင်အခြေပြု National Enlightenment Institute(NEI)နှင့် ဂျာမနီနိုင်ငံ အခြေစိုက် Konral Adenaver Stiftung (KAS-Foundation) တို့ပူးပေါင်း၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

Read 385 times Last modified on Tuesday, 10 October 2017 11:01