SJ WorldNews - шаблон joomla Авто

မြစ်ရေ တိုက်စားမှုကြောင့် စေတီတော်လေးဆူ ရေကာတန်းများ ဆောင်ရွက်ရန် လိုအပ်နေ

Tuesday, 10 October 2017 11:04 font size decrease font size decrease font size increase font size increase font size

ရေတာရှည်  အောက်တိုဘာ 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းဘုရား စေတီတော်လေးဆူမှာ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ဘုရားရင်ပြင်တော်နှင့် မြစ်ကမ်းမှာ ထိစပ်နေပြီဖြစ်၍ မြစ်ရေတားသည့် ရေကာတန်းများ ဆောင်ရွက်ပေးရန်  အကူအညီ လိုအပ်လျက်ရှိကြောင်း  ဒေသခံများထံမှ သိရသည်။

''မနှစ်က ဒီလောက်မဆိုးဘူး၊ ခုနှစ်မိုးတွင်းကျမှ စစ်တောင်းမြစ်ရေကလည်း ဆက်တိုက်ကို တက်နေတာ  ခုမနက်တောင်ရေပိုများလာတယ်။ ကမ်းပါးတွေကို  ရေတိုက်စားလာတော့ ဘုရားရင်ပြင်  အပြင်အုတ်တံတိုင်းကို ရေထိနေပြီ''ဟု ဒေသခံတစ်ဦးကပြောသည်။

ကျောင်းကုန်းကျေးရွာသည် သာဂရမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာ၌တည်ရှိပြီး ရှေးဟောင်းစေတီများကို စစ်တောင်းမြစ်ရေ တိုက်စားမှုမှ ကာကွယ်ရန် ကျေးရွာရပ်မိ/ရပ်ဖ၊ ဂေါပကအဖွဲ့ဝင်များနှင့်တိုင်ပင်၍ မြစ်ရေ ကျဆင်းသွားပါက ရေကာတန်းများ ပြုလုပ်ဆောင် ရွက်ရန် ဖြစ်သော်လည်း   ငွေကြေးအားဖြင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။ 

Read 368 times Last modified on Tuesday, 10 October 2017 11:04