SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျိုက်သလဲ ကျေးရွာ၌ CBT သင်တန်းကျောင်းနှင့် စာကြည့်တိုက် ဖွင့်လှစ်မည်

Tuesday, 10 October 2017 09:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ကျိုက်သလဲကျေးရွာတွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း CBT အပြင်တစ်နိုင်ငံလုံး၌ ဖွင့်လှစ်ထားသည့် CBT များ၌ပင် သွားရောက်လုပ်ကိုင်နိုင်မည့် CBT သင်တန်းကျောင်းကို ၂ဝ၁၈ ခုနှစ် မတ်လကုန်အတွင်း စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ကျိုက်သ လဲ CBT ကျေးရွာ စီမံကိန်း ဒါရိုက်တာ ဦးခင်ဇော်ထံမှ သိရသည်။

လတ်တလောတွင် CBT ၌ အမြဲတမ်း ဝန်ထမ်းခြောက်ဦးနှင့် နေ့စားဝန်ထမ်း လေးဦး၊ အချိန်ပိုင်းဝန်ထမ်း ၂၄ ဦးတို့ အားဟိုတယ်ဆိုင်ရာ သင်တန်းများပေးထားကာ ကျေးရွာအတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်း များရရှိစေရန် ဖွင့်လှစ်ရန်ရည်ရွယ်ခြင်း ဖြစ်သည်။ ''အနာဂတ်မှာဆိုရင် စာကြည့်တိုက်နဲ့ သင်တန်းကျောင်းလေး လုပ် မယ်။ သူတို့အဖို့ သင်တန်းတွေကို စနစ်တကျပေးပြီးတဲ့ အခါမှာ ကျိုက်သလဲကျေးရွာတင်မက တခြားကျေးရွာတွေမှာ လည်း သွားရောက် လုပ်ကိုင်နိုင်အောင် အချက်အပြုတ်နဲ့ တခြားသင်တန်းတွေကို မတ်လလောက်မှာ ပေးသွားပါမယ်။ သင်တန်းကျောင်းနဲ့ စာကြည့်တိုက်ကို တစ်လခွဲအတွင်း အပြီးဖွင့်လှစ်သွားပါမယ်'' ဟု ဦးခင်ဇော်ကပြောသည်။

ယင်းသင်တန်းများ၌ သင်တန်းတစ်ခုလျှင် လူဦးရေ ၂၅ ဦးဖြင့် သင်ကြားပေးမည်ဖြစ်ကာ ချက်ပြုတ်နည်းဆိုင်ရာ သင် တန်း၊ အိမ်ခန်းထိန်းသိမ်းနည်း ဆိုင်ရာသင်တန်း၊ ဧည့်ခံရေးဆိုင်ရာ သင်တန်း၊ ဟိုတယ်လုပ်ငန်းနှင့် သက်ဆိုင်သည့် သင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်သည်။

''ဒီ CBT ဖွင့်တော့ အသိအမြင်တွေလည်း ကျယ်လာတယ်။ အခုဆို အမှိုက်ကင်းစင်ကျေးရွာ အဖြစ်ပါ သတ်မှတ်ထား တော့ သန့်သန့်ရှင်းရှင်းနဲ့ နေထိုင်မှုဖြစ်လာတယ်'' ဟု အိမ်ဆောင်သန့်ရှင်းရေး တာဝန်ယူထားသူ မခင်မာစိုးကပြော သည်။ထို့ပြင် ကျိုက်သလဲ CBT ကျေးရွာကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လတ်တလော တွင်ကျေးရွာနေပြည်သူ ၅ဝ ဦးခန့်ကို အချိန်ပိုင်းနှင့် အမြဲတမ်းဝန်ထမ်းများအဖြစ် အလုပ်အကိုင် အခွင့်အလမ်း ပေးထားကြောင်း သိရသည်။

Read 391 times Last modified on Tuesday, 10 October 2017 11:33