SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်သော GAP ဆိုင်ရာ လိုအပ်ချက်များကို ယခင်ထက် ပိုမိုမြန်ဆန်စေရန် ဆောင်ရွက်မည်

Tuesday, 10 October 2017 11:34 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်သော GAP ဆိုင်ရာ လိုအပ်ချက်များကို ယခင်ထက်ပိုမို မြန်ဆန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မန္တလေးမြို့ရှိ ထုံးဘိုရိတ်သိမ်းချိန်လွန် နည်း ပညာ သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလှိုင်ထံမှ သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည့်အတွက် အာဆီယံ Good Agricultural Practics (GAP) သတ်မှတ်ချက်များအရ ချမှတ်ထားသော အဓိက ကဏ္ဍလေးခုဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အစားအ သောက်ဘေးကင်းလုံခြုံရေး၊ သီးနှံအရည်အသွေး ကောင်းမွန်ရေး၊ လုပ်သား များ ဘဝဘေးကင်းလုံခြုံရေးနှင့် သာယာ ဝပြောရေး စသည့်အခြေခံ အချက်အလက်များပင် ဖြစ်ကြောင်း၊ ယင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ၍ ထုတ် ပြန်ထားသော အချက်ပေါင်း ၂၂၆ ချက်ရှိပြီး လိုက်နာဆောင်ရွက်မှုရှိ၊ မရှိ စစ်ဆေးကာ အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ခုနှစ် နောက်ပိုင်းကာလများတွင် GAP လိုအပ်ချက်များကို ယခင်နှစ်များထက် မြန်ဆန်စွာရှိစေရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ ယင်းအတွက် GAP အတိုင်း စိုက်ပျိုးလိုသည့် တောင်သူများအနေဖြင့် သက် ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုးရေး ဦးစီးဌာနရုံးများ၌ GAP လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာများကို အခမဲ့လျှောက်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း ကွင်းဆင်းစစ်ဆေးနိုင်ရန် သင်တန်းများ ပေးထား ပြီး GAP စစ်ဆေးပါက မြေ၊ ရေများကို ဓာတ်ခွဲစစ်ဆေးရမည် ဖြစ်ကြောင်း၊ မှတ်တမ်းများဖြင့် ကွင်းဆင်းစစ်ဆေးမှု အောင်မြင်ပါက အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် GAP နှင့်ပတ်သက်၍ တောင်သူများ အလွယ်တကူ သိရှိနိုင်စေရန် စိုက်ပျိုးရေး ဦးစီးဌာနမှ အချက် ၁၆ ချက်ဖြင့် လူထုနားလည်စေရန် ချပြသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အလွယ်တကူ မှတ်သားနိုင်ရန် အောက်တို ဘာလ နှောင်းပိုင်းမှစ၍ လူထုထံဖြန့်ဝေပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

Read 401 times Last modified on Tuesday, 10 October 2017 11:35