SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လူမှုမီဒီယာများ၏ သဘောသဘာဝ များနှင့် လူမှုမီဒီယာ များအား ထိရောက်မှန်ကန်စွာ အသုံးချရေး ဆွေးနွေး

Wednesday, 11 October 2017 08:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁ဝ

လူမှုမီဒီယာများ၏ သဘောသဘာဝ များနှင့် လူမှုမီဒီယာ များအား ထိရောက်မှန်ကန်စွာ အသုံးချရေး ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူမှုမီဒီယာများကို မှန်ကန်စွာ အသုံးပြုနိုင်ရန် ယနေ့ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ဆွေးနွေးချက် ရလဒ်များကို စုစည်း သုံးသပ်သွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ လူမှုမီဒီယာ များ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကာ ပြန်ကြားရေး ဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးတို့တွင် လူမှုမီဒီယာများ မှန်ကန်စွာ အသုံးချရေးအတွက် ဆင့်ပွား ဆွေးနွေးပွဲများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် လူမှုမီဒီယာ များကို တွင်ကျယ်စွာ အသုံးပြုလာကြပြီး ထိုသို့ အသုံးပြုခြင်းကြောင့် ကောင်းကျိုးများ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိကြောင်း၊ Fake News များကို လူမှုမီဒီယာ များတွင် ဖြန့်ဝေလာခြင်းကို  နိုင်ငံတကာ တွင်သာမက မိမိတို့ နိုင်ငံတွင်လည်း တွေ့ရှိလာကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံရှိ လူမှုမီဒီယာ များတွင် တွေ့ရှိလာရသည့် Fake News များကြောင့် ပြည်သူများတွင် အကျိုးသက်ရောက်မှု မရှိစေရန် မိမိတို့ အနေဖြင့် စောင့်ကြည့်ကာ သတင်းမှန် ပြန်ကြားရေးကို ထိရောက်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယ အမြဲတမ်း အတွင်းဝန်က လူမှုမီဒီယာ များ၏ သဘောသဘာဝ များနှင့် အခြေခံ အချက်အလက် များကို ရှင်းလင်းဆွေးနွေးသည်။ အစည်းအဝေးတွင် လူမှုမီဒီယာ များ၏ သဘောသဘာဝ များနှင့် လူမှုမီဒီယာ များအား ထိရောက်မှန်ကန်စွာ အသုံးချရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများက ဝိုင်းဝန်းဆွေးနွေး ကြသည်။ လူမှုမီဒီယာများ၏ သဘောသဘာဝ များနှင့် လူမှုမီဒီယာများအား ထိရောက်မှန်ကန်စွာ အသုံးချရေး ဆွေးနွေးပွဲကို အဆိုပါ ဝန်ကြီးဌာန၌ အောက်တိုဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

Read 311 times Last modified on Wednesday, 11 October 2017 08:11