SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြဝတီမြို့တွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားအတွက် gas အသုံးပြု လည်ပတ်မည့် မီးစက်သုံးလုံး ဖြည့်ဆည်းပေးမည်

Wednesday, 11 October 2017 08:11 font size decrease font size decrease font size increase font size increase font size

မြဝတီ အောက်တိုဘာ ၁ဝ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား အတွက် gas အသုံးပြု လည်ပတ်မည့် မီးစက်သုံးလုံး ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း ရွှေမြစ်သောင်ရင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး လုပ်ငန်းမှ သိရသည်။

မြဝတီမြို့မှာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲနေရပြီး လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို gas အသုံးပြုလည်ပတ်၍ ၂ မဂ္ဂါဝပ် ထွက်ရှိမည့် မီးစက်ကြီး သုံးလုံးဖြင့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ဖြည့်ဆည်းပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ ဝယ်ယူထားသည့် လျှပ်စစ်ဓာတ်အားမှာ ၈ မဂ္ဂါဝပ် ဖြစ်သော်လည်း    ၈ မဂ္ဂါဝပ် အပြည့်အဝ မရရှိသောကြောင့် အပြည့်အဝ ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေမြစ်သောင်ရင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး လုပ်ငန်းမှ သိရသည်။ မြဝတီမြို့ တစ်ခုလုံးအတွက် လျှပ်စစ်မီးပေးနေသည့် ဓာတ်အားမှာ ၆ ဒသမ ၈ မဂ္ဂါဝပ်သာ ရှိသဖြင့် ဓာတ်အား ၈ မဂ္ဂါဝပ် အပြည့်ရရှိရန် စက်တင်ဘာလက ထိုင်းလျှပ်စစ် ဌာနသို့ ထိုင်းဘတ်ငွေ ၃၁ သန်းကျော်ကို အာမခံငွေအဖြစ် ပေးသွင်းခဲ့ကြောင်း သိရသည်။ ရွှေမြစ်သောင်ရင်း ကုမ္ပဏီမှာ ၂ဝ၁၇ ခုနှစ် မတ်လပိုင်းမှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီ တာဝန်ယူပြီး ကာလအတွင်း ယခင်ကုမ္ပဏီထက် လျှပ်စစ်မီးပိုမို ပြတ်တောက်ခြင်း၊ အပြည့်အဝ မရရှိခြင်းနှင့် အပိုင်းလိုက် အလှည့်ကျ မီးဖြတ်ခြင်းများ ရှိလာသောကြောင့် မြို့နေ ပြည်သူလူထုမှာ မကျေနပ်မှုများ ရှိနေသဖြင့် လျှပ်စစ်မီး အပြည့်အဝ ရရှိစေရေး ဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ လက်ရှိတွင် မြို့နေပြည်သူများ အခက်အခဲ မဖြစ်စေရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုမှု များပြားသည့် ဟိုတယ်များနှင့် အခြားနေရာ များအား ညပိုင်းတွင် ခေတ္တမီးအား ဖြတ်တောက်စေပြီး ရပ်ကွက်များအတွင်း ဓာတ်အား လွှတ်ပေးနေခြင်း ဖြစ်ကာ နိုဝင်ဘာလ ပထမပတ်အတွင်း အဆိုပါ လျှပ်စစ်မီး ပြဿနာများ အားလုံး ပြေလည်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 319 times Last modified on Wednesday, 11 October 2017 08:12