SJ WorldNews - шаблон joomla Авто

ဧရာဝဏ်နှင့် ရတနာနှင်းဆီ အိမ်ရာ စီမံကိန်းအတွင်း ကျန်အဆောက်အအုံများ ဆောက်လုပ်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်အဆင့်သာရှိ

Wednesday, 11 October 2017 08:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁ဝ      

ရန်ကုန်တိုင်းဒေသကြီး   ဒဂုံ(ဆိပ်ကမ်း)မြို့နယ်အတွင်း အိမ်ရာ တည်ဆောက်နေသည့် ဧရာဝဏ်နှင့်  ရတနာနှင်းဆီအိမ်ရာ စီမံကိန်းတွင် ကျန်ရှိအဆောက်အအုံများ ဆောက်လုပ်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆဲအဆင့်သာ ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ထံမှ သိရသည်။

ကျန်ရှိနေသော အဆောက်အအုံများသည် အထပ်မြင့်အဆောက်အအုံ ၃၄ လုံးဖြစ်သည့်အတွက်   ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်လိုသော    ပြည်တွင်းပြည်ပ လုပ်ငန်းရှင်မည်သူမဆို ဖိတ်ခေါ် ထားပြီး နှစ်ဖက်ပူးပေါင်းမည့်   ရာခိုင်နှုန်းအချိုးအစားကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီနှင့် အသေးစိတ် ညှိနှိုင်းရမည်ဖြစ်သည်။ အိမ်ရာစီမံကိန်းအတွင်း    ကျန်ရှိသော အဆောက်အအုံများ    တည်ဆောက်ခြင်းအတွက်   ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ  တစ်ဦးတည်း မဆောင်ရွက်နိုင်သောကြောင့်  ပူးပေါင်းလုပ်ကိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။

စီမံကိန်းအတွင်း အထပ်မြင့် အဆောက်အအုံပေါင်း ၄၇ လုံးအထိ ပါဝင်ပြီး ဧရာဝဏ်နှင့်     ရတနာနှင်းဆီ အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက     တည်ဆောက်နေခြင်း ဖြစ်သည်။   ထပ်မံတည်ဆောက် မည့် အဆောက်အအုံ ခုနစ်လုံးကို  ချမ်းသာရွှေမြေကုမ္ပဏီက တည်ဆောက်နေပြီး ယင်းစီမံကိန်းအတွင်း တည်ဆောက်ပြီးစီးသော အိမ်ရာများကို ရောင်းချပေးခဲ့ရာ စိတ်ဝင်တစား ဝယ်ယူသူ များပြားကြောင်း သိရသည်။

ဧရာဝဏ်နှင့်   ရတနာနှင်းဆီအိမ်ရာ စီမံကိန်းကို  ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ (၆၁) ရပ်ကွက်နှင့် (၆၇ )ရပ်ကွက် ရတနာလမ်းနှင့်    ဧရာဝဏ်လမ်းမကြီးကြား မြေဧက ၂ဝဝ အကျယ်အဝန်း၌ အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

Read 387 times Last modified on Wednesday, 11 October 2017 08:25