SJ WorldNews - шаблон joomla Авто

ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုထားသော ခရီးသည်တင် ယာဉ်ဟောင်းများအတွက် သဘာဝဓာတ်ငွေ့ လိုင်စင် သက်တမ်း ပြောင်းလဲ

Wednesday, 11 October 2017 08:27 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  အောက်တိုဘာ   ၁ဝ

ယာဉ်အိုယာဉ်ဟောင်း အဖြစ် အပ်နှံခွင့်ပြုထားသော ခရီးသည်တင် ယာဉ်ဟောင်းများအတွက် သဘာဝဓာတ်ငွေ့လိုင်စင် သက်တမ်းကို ယခင်က တစ်နှစ်သတ်မှတ်ထားသော်လည်း ယမန်နေ့မှစ၍ နှစ်လသက်တမ်းသို့    ပြောင်းလဲလိုက်‌‌ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။

ရန်‌ကုန်‌မြို့၌ပြေးဆွဲလျက်‌ရှိသည့်‌ ခရီးသည်တင် ယာဉ်ဟောင်းများအတွက် ခွင့်ပြုထားသည့်   သဘာဝဓာတ်ငွေ့ လိုင်စင်သက်တမ်း လျှော့ချခြင်းသည်  ယာဉ်ဟောင်းများ ပြေးဆွဲနေခြင်းကို ကန့်သတ်လိုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''ခရီးသည်တင်ယာဉ်ဟောင်းတွေကို လဲခိုင်း၊  အပ်ခိုင်းထားပြီးသားပါ။ တစ်လကျော်နေပြီ။ အပ်ပြီးရင်   ကားအသစ်တွေနဲ့ အစားထိုးမှာပါ။ မအပ်ဘဲ ဆက်ပြီးဆွဲနေမှာစိုးလို့ပါ'' ဟု  ဒေါက်တာမောင်အောင် ကပြောသည်။

သဘာဝဓာတ်ငွေ့လိုင်စင်သက်တမ်း ကန့်သတ်ချက်တွင် ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိထုတ်လုပ်သည့် ခရီးသည်တင်ယာဉ်များ ပါဝင်ပြီး မော်ဒယ်နှစ်အလိုက် အပ်နှံရမည်ဖြစ်ကာ ယခုခွင့်ပြုပေးသည့် သဘာဝဓာတ်ငွေ့လိုင်စင်သက်တမ်း     နှစ်လသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ မအပ်နှံမီ အသုံးပြုရန် ခွင့်ပြုပေးခြင်း ဖြစ်‌ကြောင်း သိရသည်။                           

Read 374 times Last modified on Wednesday, 11 October 2017 08:28