SJ WorldNews - шаблон joomla Авто

Yangon Water Bus ထပ်မံတိုးချဲ့မည့်ခရီးစဉ်များတွင် စီးနင်းခ ငွေကျပ် ၂ဝဝ ဖြင့် ပြေးဆွဲနိုင်ရန် ညှိနှိုင်း

Wednesday, 11 October 2017 08:36 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  အောက်တိုဘာ   ၁ဝ

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပြေးဆွဲလျက်ရှိသော Yangon Water Bus ခရီးစဉ်များ ထပ်မံတိုးချဲ့ပါက စီးနင်းခကို ငွေကျပ် ၃ဝဝ အစား ငွေကျပ် ၂ဝဝ ဖြင့် ပြေးဆွဲနိုင်ရန် ကုမ္ပဏီနှင့်ညှိနှိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Yangon Water Bus ၏ ပထမဆုံးပြေးဆွဲမှုအဖြစ်  အောက်တိုဘာ ၆ ရက်က အင်းစိန်မှ   ဗိုလ်တထောင်ဆိပ်ကမ်းအထိ ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများ စရိတ်သက်သာစွာ စီးနင်းနိုင်ရေးအတွက်  ဦးတည်ဆောင်ရွက်နေပြီး ပြေးဆွဲရာတွင် အခက်အခဲများ ဖြစ်ပေါ်နေမှုကို  တစ်လအတွင်း ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိပြေးဆွဲနေသော့  Yangon Water Bus ၌ ဆိုက်ကပ်မည့်နေရာ ခုနစ်ခုရှိ၍ သင်္ဘောဆိပ်များတွင်လည်း မြေပုံကားချပ်များ ပြုလုပ်ထားကာ ဆိုက်ရောက်မည့်အချိန်ကို ကြေညာပေးထားကြောင်း သိရသည်။

ပြေးဆွဲမှုပထမအဆင့် အနေဖြင့် Phase 1 ကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ဒုတိယအဆင့်အတွက် ညောင်တန်း-ဒဂုံ(မြောက်ပိုင်း) ခရီးစဉ်တစ်လျှောက်၌  သင်္ဘောဆိပ်များ ဆက်လက် တည်ဆောက်မည်ဖြစ်သည်။ 

 အလားတူ သန်လျင်ဘက်ခြမ်းကိုလည်း Phase 3 အနေဖြင့် ဆက်လက် လုပ်ဆောင်ရန်ရှိပြီး ခရီးစဉ်များ တိုးချဲ့မည်ဖြစ်သည်။ Yangon Water Bus စီးနင်းသူများ အနေဖြင့် သင်္ဘောဆိပ်များရှိ Ticker Counter  များ၌ Anypay Card  များဝယ်ယူစီးနင်းရမည်ဖြစ်ပြီး  လက်မှတ်များကို သင်္ဘောပေါ်၌  ရောင်းချမည်မဟုတ်ကြောင်းနှင့်  လုံခြုံရေးအတွက် Life Jacket များနှင့် အသက်ကယ်လှေများလည်း ထားရှိကြောင်း  သိရသည်။

Read 375 times Last modified on Wednesday, 11 October 2017 08:37