SJ WorldNews - шаблон joomla Авто

ပထမဆုံး Myanmar International Tourism ပြပွဲမိတ်ဆက်

Wednesday, 11 October 2017 08:43 font size decrease font size decrease font size increase font size increase font size

 ရန်ကုန် အောက်တိုဘာ ၁ဝ 

မြန်မာ့ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ပထမဆုံး  Myanmar  International  Tourism ပြပွဲကို ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ၂ဝ၁၈ ခုနစ် ဇူလိုင်၂ဝ ရက်မှ ၂၂  ရက်အထိ

ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌  ယနေ့ပြုလုပ်သည့် ပထမဆုံး Myanmar   International   Tourism  ပြပွဲမိတ်ဆက်ပွဲမှ သိရသည်။

အဆိုပါပြပွဲကို ICVeX ၏ဦးဆောင်မှုဖြင့်   မြန်မာနိုင်ငံ၌   ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး UMFCCI  နှင့်   မြန်မာနိုင်ငံ  ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့က  အဓိကပံ့ပိုးထားပြီး   နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်ပါဝင်ပြသရန်  မျှော်မှန်းထားကြောင်း သိရသည်။

''ရန်ကုန်မြို့မှာ   ဒီပြပွဲကို  ပထမဆုံး ကျင်းပနိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အရှေ့တောင်အာရှမှာ ပြပွဲတွေ အောင်မြင်စွာ စီစဉ်ပေးနေတဲ့ ICVeXအနေနဲ့ မြန်မာနိုင်ငံမှာ ကုန်စည်ပြပွဲငါးခုကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီပြပွဲက  ခြောက်ခုမြောက် ပြပွဲလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းအတွက် ခိုင်မာတဲ့ အလားအလာကောင်းတွေ ရှိနေပြီး ဒီပြပွဲကနေ ပိုမိုကြီးထွားလာမယ့် ဈေးကွက်ကို   အထောက်အကူပေးနိုင်မယ့် အဆက်အသွယ်ကောင်းတွေရှိဖို့ မျှော်လင့်ထားပါတယ်''ဟှု ICVeX၏ အထွေထွေမန်နေဂျာ Chinakit Viphavakit ကပြောသည်။

အဆိုပါပြပွဲတွင်  Tourism of  Cambodia ကလည်း ပါဝင်ပြသမည်ဖြစ်ပြီး ပြပွဲလာရောက်သူများအား  ခရီးစဉ်သစ်များ၏ ပရိုမိုးရှင်း အစီအစဉ်များကို မိတ်ဆက်ပေးမည်ဖြစ်သည်။ ပြပွဲသို့ လာရောက်လိုသူများသည် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ကြိုတင်စာရင်း ပေးသွင်းထားပါက ၁ဝ ရာခိုင်နှုန်း လျှော့ဈေးရရှိမည်ဖြစ်ပြီး ICVeX ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.icvex.com ၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။  

Read 472 times Last modified on Wednesday, 11 October 2017 08:44