SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြောက်ဦးမြို့ရှိ ကိုးသောင်း ပုထိုးတော်သို့ သွားရာလမ်းပိုင်း ပျက်စီးနေခြင်းကြောင့် ပြန်လည် ပြုပြင်ရန်လို

Wednesday, 11 October 2017 08:43 font size decrease font size decrease font size increase font size increase font size

မြောက်ဦး အောက်တိုဘာ ၁ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကိုးသောင်း ပုထိုးတော်သို့ သွားရာလမ်းပိုင်းမှာ ပျက်စီး နေခြင်းကြောင့် ဘုရားဖူး ခရီးသည်များ သွားရောက်ရန် အခက်အခဲများ ဖြစ်ပွားနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

''လမ်းက လမ်းနဲ့မတူအောင် ဆိုးလွန်းတယ်။ လမ်းကရေအိုင်နဲ့ ဗွက်တွေချည်းပါပဲ။ သွားလို့လည်း အဆင်မပြေပါဘူး။ ဘုရားဖူးတွေ အတွက် ဒီလမ်းပိုင်းလေးကို ကောင်းအောင်တော့ လုပ်ပေးစေချင် ပါတယ်။ အချို့ဆို မြောက်ဦးမှာ ဘုရားစုံ ဖူးချင်ပေမယ့် ကိုးသောင်းကို မရောက်ဖြစ်ကြတာ များတယ်'' ဟု ပေါက်တောမြို့နယ်မှ ဘုရားဖူးဧည့်သည် ဦးမြင့်ကျော်က ပြောသည်။ မြောက်ဦးမြို့မှ ကိုးသောင်းပုထိုးတော်သို့ တစ်မိုင်ကျော် ကွာဝေးပြီး မြေသားလမ်းဖြစ်ကာ မြောက်ဦး-ပိုးဖြူကျွန်းလမ်း တစ်လျှောက်တွင် ရှေးရခိုင် သမိုင်းဝင် ဘုရားစေတီများနှင့် ပန်းမြောင်းတိုက်နယ် ကျေးရွာကြီး တည်ရှိသဖြင့် အသွားအလာ များသောလမ်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုးသောင်းဘုရား လမ်းပြုပြင်ရေးကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့က အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကာ လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၆၅ဝဝ ကို ကတ္တရာလမ်း ခင်းမည်ဖြစ်ကြောင်း သိရသည်။

Read 397 times Last modified on Wednesday, 11 October 2017 08:52