SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၌ အစွန်းရောက် အကြမ်းဖက်သမားများ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား

Thursday, 03 August 2017 15:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁

ရခိုင်ပြည်နယ်     မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု အနောက်ရွာ၌ ယနေ့မွန်းလွဲပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများ   လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် ပန်းတောပြင်ကျေးရွာအုပ်စု အနောက်ရွာ၌ မိုင်းပေါက်ကွဲသည့် အသံကြားရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ၎င်းကျေးရွာနေ မဒီလ်ပါးလ် ၆ဝ နှစ်၏ နေအိမ်တွင် အိမ်ရှေ့ဝရန်တာ မီးလောင်ကျွမ်းထားသည်ဟု ယူဆရသည့် ကြမ်းခင်း ၃ ပေ ပတ်လည်ခန့် ကျိုးပဲ့နေပြီး   မျက်နှာကြက်မိုးထားသည့် ပိတ်စ ၁ဝ ပေပတ်လည်ခန့် မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရသည်။

နေအိမ်အတွင်းစစ်ဆေးရာ ပစ္စတိုကျည် နှစ်တောင့်၊ ယမ်းဟုယူဆရသည့် ၂၅ ကျပ်သားခန့်ရှိ အထုပ်နှစ်ထုပ်၊  မိုင်းပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဓာတ်မြေသြဇာစေ့ အညိုရောင် ၁ဝ ပိဿာခန့်၊ ဆေးထိုးပြွန်တွင် ယမ်းထည့်ထားပြီး ဝါယာကြိုးစနှစ်စ ထုပ်ထားသော   စနက်တံဟု ယူဆရသည့် စနက်တံသုံးခု၊ ၁ဝ ပေခန့် နန်းကြိုးခွေတစ်ခွေ၊ခဲဘောစေ့နှစ်လုံး၊ ခဲဂေါက်ဝရိန်တစ်ခု၊ ဒစ်ဂျစ်တယ်ဗို့တိုင်း မီတာတစ်ခု၊ မီးကပ်တိပ်အနက်ရောင်တစ်ခွေ၊ ယမ်းကြိတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် လေးထောင့်ကျောက်ပြင် တစ်ခု၊ ပေ ၁၅ဝ ခန့်ရှိ အဖြူရောင်မီးကြိုးတစ်ခွေနှင့် မိုင်းပြုလုပ်ရာတွင် တွက်ချက်ထားသည့် မှတ်တမ်းစာအုပ် တစ်အုပ်တို့ကို တွေ့ရှိ  သိမ်းဆည်းရမိခဲ့ပြီး   ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။ 

Read 1037 times Last modified on Friday, 04 August 2017 08:53