SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြစ်ကြီးနား တက္ကသိုလ်၌ မီးဘေး လုံခြုံရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

Thursday, 03 August 2017 15:34 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား   သြဂုတ်   ၁

ကချင်ပြည်နယ် မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ် မြစ် ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ မြစ်ကြီးနား တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဂျပ်က အဖွင့်အမှာစကား ပြောကြားပြီး   ပြည်နယ် မီးသတ် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက မီးဘေးလုံခြုံရေး ဆိုင်ရာနှင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် မီးလောင်မှု ဖြစ်စဉ်များကို ပညာပေး ဟောပြောကာ မီး သတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှု မဖြစ် ပွားမီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးလောင်မှု ဖြစ်ပေါ်လာပါက စနစ်တကျ မီးငြှိမ်းသတ်နိုင်ရေးတို့ကို ပရိုဂျက်တာဖြင့် ပြသသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများက မီးသတ်ဆေးဘူးဖြင့်  လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြ သည်။ ဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ''အဓိကကတော့ ပြည်သူတွေကြားမှာ မီးဘေး အန္တရာယ် အသိပညာတွေ ပျံ့နှံ့လာစေဖို့နဲ့ မိမိပတ်ဝန်းကျင်မှာ မီး လောင်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတဲ့အခါ ထိရောက်စွာ ငြှိမ်းသတ်နိုင်ရေးနဲ့ မီးဘေး အန္တရာယ်တွေကို ကြိုတင်ကာ ကွယ်နိုင်အောင် အခုလို ဟောပြောပွဲ ကျင်းပရခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

ဟောပြောပွဲသို့ မြစ်ကြီးနား တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်၊ ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ဘာသာရပ် ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅ဝဝ ကျော် တက်ရောက်ကြောင်း သိရသည်။

Read 1000 times Last modified on Friday, 04 August 2017 13:20