SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တိုင်ဝမ်နည်းပညာဖြင့် မြေပဲစိုက်ခင်း ၃၃ ဧကကို မကွေးတိုင်းဒေသကြီးအတွင်း စမ်းသပ် စိုက် ပျိုးမည်

Thursday, 03 August 2017 15:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂

မကွေးတိုင်းဒေသကြီးအတွင်း တိုင်ဝမ်နည်းပညာအသုံးပြု၍ ပေါင်တင်စိုက်ပျိုးစနစ်ဖြင့် မြေပဲစိုက် ဧက ၃၃ ဧကကို တောင်သူများနှင့်အကျိုးတူပူးပေါင်းကာ စံပြစိုက်ခင်းအဖြစ် စက်တင် ဘာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရ သည်။အဆိုပါစိုက်ခင်းအတွက် တိုင်ဝမ်မှ စိုက် ပျိုးရေးပညာရှင်များကိုဖိတ်ခေါ်၍  စိုက်ပျိုး ထုတ်လုပ် သွား မည်ဖြစ်ကာ စံပြစိုက်ခင်းဖြစ်သဖြင့်    အကျိုးအမြတ်နည်းပါးမည်ဖြစ်သည်။

''ဧက ၂ဝဝ ကျော်ကို သမားရိုးကျနည်းနဲ့စိုက်ဖို့ ပထမပြင်ထားတာ။ ဒါပေမဲ့ အဲ့ထဲကဧက ၃ဝ ကို တိုင်ဝမ်ကနည်းပညာ၊ စက်ကိရိယာတွေနဲ့  ပေါင်တင်တဲ့နည်းပညာနဲ့စိုက်ပျိုးဖို့ ပြောင်း လိုက်တယ်။ ဒါကို စက်တင်ဘာ ၁၅ရက်မကျော်တဲ့အချိန်မှာ စိုက်ဖို့ဆုံးဖြတ်လိုက်ပြီ။ ဒါက စံပြ ပါ။ နေရာကတော့ မကွေးတိုင်းဒေ သကြီးမှာ စီစဉ်ထားပါတယ်''ဟု မြန်မာနိုင်ငံ ဆီစက်ပိုင် ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးကပြောသည်။

ယင်းနည်းစနစ်ဖြင့်စိုက်ပျိုးရာတွင် မြေပဲစိုက် တစ်ဧကလျှင် တင်း ၁ဝဝ  ဝန်းကျင် ထွက်ရှိနိုင်ပြီး ပညာရှင်နှင့် စက်ကိရိယာများအတွက်ကုန်ကျမည့်ကုန်ကျစရိတ်များကို ဆီစက်လုပ် ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ  စံပြစိုက်ခင်း အောင်မြင်ဖြစ် ထွန်းပါက   ၂ဝ၁၈ ခုနှစ် တွင်တိုး ချဲ့စိုက် ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။

Read 529 times Last modified on Thursday, 03 August 2017 15:44