SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော် အောက်တိုဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးH.E. Mr. Tateshi Higuchi နှင့်   ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.  Mr.  Andrew Patrick တို့က ပြည်ထောင်စုဝန်ကြီးရုံး မေခလာခန်းမ၌   သီးခြားစီ လာရောက်တွေ့ဆုံသည်။

YBS ၂၁ ယာဉ်လိုင်း၌ တာဝန်ထမ်းဆောင်ရန် အမျိုးသမီး ယာဉ်မောင်း လျှောက်လွှာ ခေါ်ယူခဲ့ရာ ၉ဝ ဦးအထိ လာ ရောက်လျှောက်ထားကြောင်း Power Eleven ကုမ္ပဏီ ကိုတရုတ်ကလေးထံမှ သိရသည်။

ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ ရထားစီးနင်းနိုင်စေရန် ရထားလမ်းအနီး ဝန်းကျင်၌ ဈေးရောင်းချနေသည့် သမိုင်းဘူတာမှ ဈေးသည်များကိုဖယ်ရှားပြီး ဘူတာနှင့် ကင်းလွတ်ရာ ဘူတာအနီး မြန်မာ့မီးရထားပိုင် မြေနေရာ၌ ဆိုင်ခန်းများ ဆောက်လုပ်နေရာ ချထားပေးရန် ယခုလအတွင်း ဆောင် ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား တိုင်း(၇) ပို့ဆောင်ရေးမန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်တချို့၌ သဘာဝဘေးဒဏ်နှင့် တခြားလူမှုကယ်ဆယ်ရေး ကိစ္စရပ်များကို အကြောင်းပြကာ သက်ဆိုင်ရာသို့ အသိပေးခွင့်ပြုချက် မရယူဘဲ ပရဟိတ အလှူခံအဖွဲ့ အယောင် ဆောင်၍ အဖွဲ့လိုက် သို့မဟုတ် လူနည်းစုအဖွဲ့များက ပြည်သူလူထုထံမှ အ လှူငွေ လိုက်လံ ကောက်ခံနေမှုကို ဥပဒေ အရ ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်အတွင်း နောက်ဖေးလမ်းကြားများရှိ ကျူးကျော်အဖီအဆွယ်၊ အမိုးအကာ များနှင့် အမှိုက်ရှင်းလင်းခြင်း လုပ်ငန်းများကို လမ်းပေါင်း ၁၃၈ ခု၌ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့နယ်သန့်ရှင်းရေး တာဝန်ခံ ဦးဝင်းနီထံမှ သိရသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများ၌ ပြေးဆွဲနေသည့် YBS ကုမ္ပဏီများ အနေဖြင့် အများပိုင် ကုမ္ပဏီ အစစ်အမှန် ဖွဲ့စည်းမည်ဆိုပါက မည်သည့် ကုမ္ပဏီကိုမဆို ဆက်လက် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက် တာ မောင်အောင်ထံမှ သိရသည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက် ကျေးလက်ဒေသများနှင့် မြို့ပြများတွင် ကွန်ကရစ်ပစ္စည်းများ တွင်ကျယ်စွာ အသုံးပြု လာသည့်အတွက် ကွန်ကရစ်ပစ္စည်း ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း အဆင်ပြေလျက်ရှိသည်။

Miss Golden Land Myanmar ကကြီးမှူး ကျင်းပသော ဒုတိယအကြိမ်မြောက် Mrs.Myanmar ၏ အိမ်ထောင်ရှင် အလှမယ် ရွေးချယ်ပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပရာ အလှမယ် တင့်ရည်မွန် က သရဖူဆုဆွတ်ခူး ရရှိသွားကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အော်ဂဲနစ်သဘာဝနည်း ကျ စိုက်ပျိုးရေးဆိုင်ရာ တောင်သူ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် စီမံကိန်း၊ ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အ ခြေခံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကယားပြည်နယ် လွိုင်ကော် မြို့ ပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Page 1163 of 1378