SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အာမခံထားရှိမှုမှာ ၁ဝ ရာခိုင်နှုန်းပင်မပြည့်သေးသဖြင့် အသိပညာပေးမှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

လူမှု မီဒီယာများ၏ သဘောသဘာဝများနှင့် လူမှုမီဒီယာများအား ထိရောက်မှန်ကန်စွာ အသုံးချရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန် ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

နေပြည်တော် ကောင်စီနယ်မြေ၌ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စပါး စိုက်ခင်းများ ရေလွှမ်းမိုးမှုဖြစ်ပွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ နံနက်ပိုင်းက သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ကျေးလက်တောင်သူများ စိုက်ပျိုးရေး ထုတ်ကုန်များတွင် ဓာတုဗေဒဆေးဝါး ကင်းလွတ်သည့် စိုက်ပျိုးသီးနှံများ ပိုမို တိုးတက်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ဇီဝမြေသြဇာ ထုတ်လုပ်နည်း သင်တန်း အမှတ်စဉ် (၂/၂ဝ၁၇) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျောက်ပန်းတောင်းမြို့နယ် မကျီးကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စုတည်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် အတွင်း၌ စိုက်ပျိုးရေကို မြို့နယ်အတွင်းရှိ ဆည်၊ ကန်၊ တာတမံများမှ ရေကိုသာ အဓိက အားထားရသည်ဖြစ်ရာ ကျောက်ဆည်ကန်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာ အုပ်စု ဟွေပုံကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

မွန်ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့တွေ့ဆုံပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ ပြည်နယ် စစ်မှုထမ်းဟောင်း အဖွဲ့ရုံးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

Page 1164 of 1378