SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ရန်ကုန် စက်တင်ဘာ ၂၈

Taipei World Trade Center  နှင့် Yorkers Trade & Service Co.,Ltd. တို့ပူးပေါင်း ကျင်းပသည့် (၅)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ယာဉ်အပိုပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ၊ အီလက်ထရွန်နစ် နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ဆိုင်ရာ ပြပွဲတို့ကို ယနေ့တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်လျက်ရှိသည့် မဲခေါင်ဒေသ လုံခြုံရေး ညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာန (Safe Mekong Coordination Centre-SMCC) ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့၌ ကျင်းပသည်။

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လိုအပ်လျက်ရှိသော နိုင်ငံ့ဝန်ထမ်း အိမ်ရာများအတွက် နေပြည်တော် ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေ လျာထားငွေပမာဏ ကျပ်သန်းရှစ်ထောင်ခန့်ဖြင့် ဝန်ထမ်းအိမ်ရာ ၁၄ လုံးကို စတင် တည်ဆောက်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ကျင်းပသည့် (၁၁)ကြိမ် မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) များ၏ တက္ကသိုလ် အကြံပေးအဖွဲ့များ၊ တက္ကသိုလ် ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၅/၂ဝ၁၇)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စု ရာထူး ဝန် အဖွဲ့အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း တက်ရောက် အမှာစကား ပြောကြားသည်။

ရန်ကုန် စက်တင်ဘာ ၂၈

ဈေးကွက်အတွင်း စားသုံးရန် မသင့်သည့် အစားအစာများနှင့် ပတ်သက်၍ ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်ဈေးနှင့် ပဒေသာဈေးတို့၌ ပြုလုပ်သည်။

ရန်ကုန် စက်တင်ဘာ ၂၈

ပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာထက် အငှားအိမ်ရာကို စိတ်ဝင်စားမှု ရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အငှားအိမ်ရာ ထပ်မံတည်ဆောက်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၅ ဘီလီယံချထားပေးရန် အစီအစဉ် ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပဲခူး စက်တင်ဘာ ၂၈

ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ သမိုင်းဝင် နောင်တော်ကြီး မြသာလျောင်း ရုပ်ပွားတော်မြတ်ကြီးသည် ရာသီဥတုဒဏ်ကြောင့် အက်ကြောင်းများ ဒုတိယအကြိမ် ထပ်မံပေါ်လာပြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဂန္ဓကုဋိတိုက်(အမိုး) တည်ဆောက်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

ရန်ကုန် စက်တင်ဘာ ၂၈

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၃/၂ဝ၁၇) အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကိုးခုကို ခွင့်ပြုခဲ့ကြောင်း ယမန်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး (ရန်ကုန်)၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

နေပြည်တော် စက်တင်ဘာ ၂၈

လွန်ခဲ့သည့်တစ်လခန့်က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ သတ်ဖြတ်ပြီး ရဲဘောက်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာတွင်

Page 1170 of 1345