SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

ရန်ကုန် စက်တင်ဘာ ၂၃

ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ မကြာသေးမီ ရက်ပိုင်းက စက်သုံးဆီများ ဈေးနှုန်းမြင့်တက် ခဲ့ခြင်းကြောင့် မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် စက်သုံးဆီ ဝယ်ယူအသုံးပြုရာတွင် အခက်အခဲများ ရှိနေသဖြင့် မကြာမီ ဈေးနှုန်းများပြန်လည် ကျဆင်းလာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ သိရသည်။

ဘုရားကြီး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ဝင်္ဂဘော် ကျေးရွာအနီးရှိ ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက် လည်ပတ်သည့် ခရီးသွား ဧည့်သည်များမှာ ဆင်စခန်းစတင် ဖွင့်လှစ်ချိန်ထက် ၈ဝ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာကြောင်း ဝင်္ဂဘော် ဆင်စခန်းတာဝန်ခံ ဦးမြင့်စိုးထံမှ သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် ပြေးဆွဲမည့် ကေဘယ် ကားစီမံကိန်း လုပ်ငန်းကို နိုဝင်ဘာလကုန် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း Sky Asia ကုမ္ပဏီ၏ အထူးအကြံပေး ဦးမျိုးဝေထံမှ သိရသည်။

ကလေး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ မြစ်သာမြစ်ရေသည် စက်တင်ဘာ ၂၁ ရက်နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ အမြင့်ဆုံး မြစ်ရေအမှတ် ၁၃၁၃ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ၁၁၈၆ စင်တီမီတာသို့ ကျသွားရာ ၁၂၇ စင်တီမီတာအထိ ပြန်လည်ကျဆင်း လာသောကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများရှိ အိမ်ထောင်စုအချို့ မိမိနေအိမ် အသီးသီးသို့ ပြန်လည် ရွှေ့ပြောင်းကြကြောင်း သိရသည်။

မွန်ပြည်နယ် သထုံခရိုင်ရှိ ကျိုက်ထို၊ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးချိန်တွင် လိုင်စင်ကို လအနည်းငယ် သိမ်းယူထားသဖြင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ် ပေါ်နေကြောင်း ကျောက်မိုင်းလုပ်ကိုင်သူများထံမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂ဝ၁၇-

၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာ ကျောင်း၁၄ ကျောင်းကို အသစ်တိုးချဲ့ တည်ဆောက်ရန်နှင့် အစားထိုးပြုပြင် တည်ဆောက်ရန်အတွက် ငွေကျပ်သန်းပေါင်း ၅၉၆ ဒသမ ၄ဝ သုံးစွဲမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗန်းမောက် စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကိုင်းကြီး-ခေါင်းကိုက်- ကျွဲကောကြီး ကျေးရွာချင်းဆက်လမ်း သဲကျောက်ခင်းခြင်း လုပ်ငန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ရရှိသည့်   လွှတ်တော်ရန်ပုံငွေ ထဲမှ ငွေကျပ်သိန်း ၅ဝ ဖြင့် ပြုပြင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နေပြည်တော် စက်တင်ဘာ ၂၃

နေပြည်တော် ကောင်စီနယ်မြေ  မြို့နယ် ရှစ်မြို့နယ်အတွင်းမှ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်တို့ရှိ လူစည်ကားပြီး သွားလာရေး ကောင်းမွန်သော နေရာများ၌ ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ အိမ်ခြံမြေဈေးကွက် ရောင်းဝယ်  ငှားရမ်းခြင်းလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာကြောင်း သိရသည်။

ဝါးခယ်မ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်း၌ ရောင်းချလျက် ရှိသော အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ကြောင်း သိရသည်။

Page 1171 of 1328