SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ ချစ်တီး(မြင်းပြိုင်)ကွင်း၌ ယနေ့နံနက် ၈ နာရီခွဲတွင် အစွန်းရောက် ဘင်္ဂါ လီအကြမ်းဖက် သမားများအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပရာ ဝက်လက်၊ ကျောက်မြောင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တို့မှ ရဟန်းရှင်လူပြည်သူများ စုစုပေါင်း ၅ဝဝဝ ကျော် တက်ရောက်ကြသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာကိုးရွာကို အရင်း မပျောက်မတည်ငွေ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ကျင်းပသည်။

ဧရာဝတီ တိုင်းဒေသကြီးတွင် ၂ဝ၁၇ခုနှစ် မိုးစပါးစိုက်ရာသီ၌ လယ်မြေ ၃၇၁၂၃၆၇ ဧက လျာထားခဲ့ရာ ယမန်နေ့က ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ စီးနင်းတိုက်ခိုက်ပြီး ၂ဝ၁၆ ခုနှစ်အောက်တိုဘာ ၉ ရက်မှ ၂ဝ၁၇ ခုနှစ် သြဂုတ်၂၄ ရက်ထိ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့် တိုက်မှူး၊နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ ပြည်သူများ အပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွား မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၇ ဦးပျောက်ဆုံးခဲ့သည်။

မောင်တောဒေသ အတွင်းရှိ ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင် ၉၃ ဦးအနက်မှ ၄၅ ဦး၏ ရုပ်အလောင်းများကို မြေကျင်းများမှ ပြန်လည် တူးဖော်တွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၂၅ လောင်း၏ အမည်များကို ဟိန္ဒူ ဘာသာဝင် ကူညီရေး ခေါင်းဆောင်နှင့် ရဲဘော်ကျကျေးရွာရှိ ဟိန္ဒူဘာ သာဝင်များက အတည်ပြုနိုင်ခဲ့ကာ ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန် စက်တင်ဘာ ၂၆

ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာပါက ပြည်ပတင်ပို့မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပါဝင်ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ယနေ့တွင် ရန်ကုန်မြို့ရှိ  Summit Park  View  Hotel ၌  ကျင်းပသော မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး  အများပိုင်ကုမ္ပဏီလီမိတက် အလုပ်ရုံဆွေးနွေးပွဲ၌   မြန်မာနိုင်ငံတော် ဗဟိုဘဏ်   နိုင်ငံခြားသုံးငွေ  စီမံခန့်ခွဲမှု ဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။

ကျန်းမာရေး ဝန်ကြီးဌာနနှင့် (3 MDG) မှ (RI) Myanmar တို့ ပူးပေါင်းဖွင့်လှစ်သည့် အရန်သားဖွား အခြေခံ သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့ ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံ သံဃာဆောင်၌ ယမန်နေ့ နံ နက်ပိုင်းက ကျင်းပသည်။

မန္တလေးမြို့ နံကပ်အင်းအနီးရှိ အမှတ်(၂) ရေဆိုးထုတ် စက်ရုံ(ရွှေဂဲ)ကို တစ်နာရီလျှင် ရေဂါလန် ၁ ဒသမ ၆ သန်းထုတ်နေရာမှ တစ်နာရီလျှင် ရေဂါလန် ၂ ဒသမ ၆ သန်းအထိ စွန့်ထုတ်နိုင်ရန် ဘဏ္ဍငွေကျပ်သိန်း ၅ဝဝဝ ဖြင့် တိုးမြှင့်လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မ တီ ရေသန့်ရှင်းရေးဌာနမှ သိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့်International Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ ဥပဒေပြု လွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ ဖက်ဒရယ်စနစ်ရှိ ဥပဒေေ ရးရာ ပြန်လှန်သုံးသပ်ခြင်း ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

Page 1177 of 1346