SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂန့်ဂေါ  အောက်တိုဘာ 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၌ အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေက မြို့မရပ်ကွက်အသင်းနှင့် ကျောတိုက်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့မရပ်ကွက် အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ လကုန်အထိ လိုင်စင်မဲ့ မော်တော်ယာဉ် ၄၇၇ စီးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ် ပြန်ချက်များအရ သိရသည်။

စတုတ္ထအကြိမ် မြန်မာနိုင်ငံ နှလုံးအထူးကု ဆရာဝန်များ ဆေးပညာနှီးနှော ဖလှယ်ပွဲကို ယမန်နေ့က မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့ပတ်လမ်းရှိ ရွှေပြည်သာ ဟိုတယ်ခန်းမ၌ ကျင်းပသည်။

မန္တလေးတက္ကသိုလ် သင်္ချာကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၉)ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအ နားကို မန္တလေး တက္ကသိုလ် ဓမ္မာရုံ၌ အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်းကြီးကျေးရွာ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက ကျင်းပသည်။

နေပြည်တော် ကောင်စီနယ်မြေရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည် မဂ္ဂဇင်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်း ထုတ်ဝေဖြန့်ချိမည်ဖြစ်ရာ စာမူများ ဖိတ်ခေါ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (ဝန်ကြီးဌာန မဂ္ဂဇင်းစာတည်းအဖွဲ့)ထံမှ သိရသည်။

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း မှုခင်းကျဆင်းရေး အတွက်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲတွင် ဆောင်ဒူရွာသစ် ကျေးရွာအုပ်စု ဆီးလီဒုန်းကျေးရွာ ဘုရားကျောင်းခန်းမ၌ ဒေသခံပြည်သူလူထု ၁၇ဝ ဦးအား မှုခင်းကျဆင်းရေး အသိပညာ ပေးဟောပြော ဆွေးနွေးသည်။

Page 1191 of 1396