SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

မန္တလေး  အောက်တိုဘာ 

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ် မျက်စိ၊ နား၊ နှာခေါင်း၊လည်ချောင်းအထူးကု ဆေးရုံကြီး၌ အောက်တိုဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ထီးလင်း အောက်တိုဘာ ၈

ဖွဲ့စည်းတည်ထောင်ခွင့်အမှတ် ပြည်တွင်း/ဝ၂၇၆ ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်း၏ မှုခင်းကူညီမှု ပရဟိတအဖွဲ့သည် ပြည်သူများ၏ မှုခင်းအခက်အခဲ ပြဿနာများကို လွယ်ကူစွာ ကူညီဆောင်ရွက်နိုင်ရန် ပြည်သူများအား အသိပေးရှင်းလင်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ သီရိခန်းမ၌ ကျင်းပသည်။

ပုလဲ   အောက်တိုဘာ  

ရန်ကုန်မြို့နေ ဦးကျော်ဝဏ္ဏ- ဒေါ်လဲ့ရည်ဝင်း မိသားစုက ဆောက်လုပ်လှူဒါန်းသည့်  ပုလဲသရဖူစာကြည့်တိုက် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ချင်ပြစ်ကျေးရွာ၌ ယမန်နေ့ နံနက် ၁ဝ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ပြည်   အောက်တိုဘာ  

သီတင်းကျွတ် ရုံးပိတ်ရက်များတွင်  ခရီး သွားလာမှုများ များပြားနေသဖြင့် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အဝေးပြေးကားဂိတ်တွင်   ယာဉ်စီးလက်မှတ်များ ခက်ခဲမှုရှိနေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာများ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများနှင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီများ၏ စာရင်းဇယားများ ပြုစုထိန်းသိမ်းထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁ဝ)ရပ်ကွက် စွန်းလွန်းဝိပဿနာ ကျောင်းတိုက် ပြည်တော်အောင် ချမ်းသာရ စေတီတော်မြတ်ကြီး၌ ယမန်နေ့နံနက် ၅ နာရီက (၃၇)ကြိမ်မြောက် ဆွမ်းတော်ကြီး လောင်းလှူပွဲနှင့် ငွေပဒေသာပင် လောင်းလှူပွဲ ကျင်းပသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အောက်မြန်မာပြည် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံတက္ကသိုလ် အားကစားရုံ၌ ကျင်းပသည်။

သီတင်းကျွတ်ပြီဆိုသည်နှင့် မန္တလေးမြို့ပေါ်တွင် ဘုရားပွဲများ ကျင်းပလေ့ရှိသည်။ အညာဒေသအတွက်မူ သူ့ရပ်ကွက်ဘုရားပွဲ၊ ကိုယ့်ရပ်ကွက်ဘုရားပွဲ၊ သူ့ရွာကိုယ့်ရွာဘုရားပွဲများကို အလေးထား လုပ်ဆောင်ပြီး ဧည့်သည်များကို ဧည့်ခံလေ့ရှိသည်။ ဘုရားပွဲပြန်သည် ဆိုသော အလေ့အထသည် အညာဒေသတွင် ကြားနေရသော ချစ်စဖွယ်ဓလေ့ပင်ဖြစ်သည်။

ကျိုက်ထို အောက်တိုဘာ ၈

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်တွင် တည်ဆောက်နေသည့် ကေဘယ်လ်ကား စီမံကိန်းကြောင့် ဘုရားဖူးများအား သယ်ယူပို့ဆောင်လျက် ရှိသည့် တောင်တက်မော်တော်ယာဉ် ပြေးဆွဲမှု လုပ်ငန်းအပေါ် ထိခိုက်နိုင်ခြင်း မရှိကြောင်း တောင်တက်မော်တော်ယာဉ် အသင်းမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၈

ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီမှုဖြင့် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် ၄ဝ ဦးအား အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ မျက်နှာနှင့် မေးရိုးဌာန၌ အခမဲ့ခွဲစိတ် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

Page 1192 of 1396