SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသ၌ တာဝန်ထမ်းဆောင်လျက် ရှိသည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာန ဝန်ထမ်းမိသားစု များအား လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာနညွှန် ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများက ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဖြူ အောက်တိုဘာ ၈

ကျောက်ဖြူမြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံကာ ပြည်သူ့လွှတ်တော် အတွေ့အကြုံများ၊ ပြည်နယ်လွှတ်တော်၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ သာသနာ့ဗိမာန် အတွင်း၌ ကျင်းပသည်။

 ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မီးဘေးသင့်  မင်္ဂလာဈေးသစ်ကြီးအား အသစ်ပြန်လည် တည်ဆောက်ရန် ပန္နက်တင်ခြင်းကို နိုဝင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း   မင်္ဂလာတောင်ညွန့် မြို့နယ်  မဲဆန္ဒနယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌  လုပ်ငန်းလုပ်ကိုင်မှုမရှိဘဲ လစ်လပ်နေသော စက်မှုဇုန်မြေကွက်များစွာ ရှိနေပြီး ယင်းမြေကွက်များမှာ ဈေးနှုန်းမြင့်တက်နေသဖြင့်  အမှန်တကယ်ရင်းနှီး မြှုပ်နှံလိုသူများအတွက် မြေနေရာ     အခက်အခဲများ ရှိနေကြောင်း  ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းထံမှ သိရသည်။

ပေါင် အောက်တိုဘာ ၈

ဒေသတွင်း စာပေဝါသနာရှင်များ ပေါ်ထွန်းလာစေရေး အတွက် ပေါင် မြို့နယ် စာရေးဆရာအသင်း ဆိုင်း ဘုတ်တင်ပွဲနှင့် ပန်းပျိုးခင်း ရသစုံမဂ္ဂဇင်း (ပထမအကြိမ်) ထုတ်ဝေမှု ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မွန်ပြည်နယ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Center ခန်းမ၌ ကျင်းပသည်။

ပလောက် အောက်တိုဘာ ၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ မြို့မ အားကစားကွင်း၌ ၂ဝ၁၇ ခုနှစ် မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပသည်။

စာရေးသူတို့ ပဲခူးမြို့နှင့် ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေး ပြသရေး စခန်းသည် ၁၄ မိုင်သာ ဝေးသည်။ စာရေးသူ၏ မြေးမလေးသည် တစ်ခါတစ်ရံ ဘွားဘွားရေ မိုမိုဆင်ကြီးတွေဆီ သွားချင်တယ်ဟု ပူဆာတတ်သည်။

ကာတာနိုင်ငံ ဒိုဟာမြို့၌ နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည့်၂ဝ၁၇ ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ စနူကာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ယင်းပြိုင်ပွဲအတွက် ပြည်တွင်းမှ ကစားသမားများကို ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။

Page 1195 of 1397