SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 105

သာစည်   သြဂုတ်  ၃ဝ

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူး၍ အမျိုး သား အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက သာစည်မြို့နယ် ပြည်သူ့ အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ဟုမ္မလင်း  သြဂုတ်  ၃ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ ပြည်တော်သာလမ်းကို ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို  မြို့နယ်စည်ပင်သာယာရေး ကော်မတီ လက်ထောက် အင်ဂျင်နီယာ ဦးသန်းဌေးဦး အနီးကပ် ကြီးကြပ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအ ခါ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၃ဝ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် တင်သွင်းသော အပြီးသတ် အစီရင်ခံစာအပေါ်ကန့် ကွက်ပွဲနှင့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် လက်ရှိဖြစ်ပွားနေသော ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့၌ ကျင်းပရာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ အပါဝင် လူဦးရေ ထောင်ချီကာ ဆန္ဒထုတ်ဖော်ကြသည်။

ရန်ကုန် သြဂုတ် ၃ဝ

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ ကျွမ်းကျင်မှု၊ လေ့ကျင့်ရေး သင်တန်း ကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ခဲ့သည့် ဆောက် လုပ်ရေး နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများအတွက်  သင်တန်းဆင်းပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ  လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာနိုင်ငံ သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းများမှ တစ်ဆင့် အမေရိကန်နိုင်ငံရှိ အပျော်စီး သင်္ဘောလိုင်းများတွင် လုပ်ကိုင်ရန် လျှောက်ထားသူ များပြားလာပြီး သင်္ဘောလိုင်းများမှလည်း ယခုနှစ်အတွင်း မြန်မာ သင်္ဘောသားများအား အလုပ်ခေါ်ယူ လျက်ရှိကြောင်း အဆိုပါ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရန်ကုန်  သြဂုတ်  ၃ဝ

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း  အမှတ်စဉ် (၃၉)

နေပြည်တော်  သြဂုတ်  ၃ဝ

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂ဝ ရက်မြောက် နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည် သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက  ဆွေးနွေးကြသည်။

ရန်ကုန်   သြဂုတ်   ၃ဝ

Microsoft Asia Pacific က ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ထောက်လှမ်းမှု အစီရင်ခံစာ (Security Intelligence Report) တွေ့ရှိချက်များ ထုတ်ပြန်ခဲ့ရာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက် နမ်တို့သည် အာရှ-ပစိဖိတ်ဒေသ၌ Software များမှ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း အနည်းဆုံး နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

စစ်တွေ   သြဂုတ်    ၃ဝ

ရသေ့တောင်မြို့ပေါ်၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ ဘေးရန်ကြောင့် ခေတ္တတိမ်းရှောင် ခိုလှုံနေသည့် အိမ်ထောင်စုများအား အလှူငွေများ ထောက်ပံ့ပေးအပ်ရန် ဝေဠုကျော် ဖောင်ဒေးရှင်းမှ ရုပ်ရှင်မင်းသား ဝေဠုကျော်နှင့် စာရေးဆရာ ဝေဟင်အောင် (စစ်တွေ)တို့ ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရသေ့ တောင်မြို့သို့ ရောက်ရှိကြောင်း သိရသည်။

Page 1196 of 1285