SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 105


ရန်ကုန်   သြဂုတ်   ၃ဝ

မြန်မာ့မီးရထားအနေဖြင့် RBE ရထား တွဲဆိုင်းသစ်များ ဝယ်ယူပါက ကုန်ကျစရိတ် များပြားသဖြင့် တစ်ပတ်ရစ် RBE ရထားများကိုသာ ဝယ်ယူပြေးဆွဲနေရကြောင်း   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား  ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းထံမှ  သိရသည်။

မိုင်းဖြတ်  သြဂုတ်  ၃ဝ

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ဆိုလာမီး ၃၉ စုံပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်နန်းကျေးရွာအုပ်စု ပြည်ငြိမ်းအေး ကျေးရွာ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။

မံစီ သြဂုတ်  ၃ဝ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် မံစီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ ရက်လုပ်နည်း သင်တန်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီက မံစီမြို့နယ် နမ့်မဖွဲကျေးရွာ၌ ကျင်းပသည်။

ရန်ကုန်  သြဂုတ်  ၃ဝ

ပြည်တွင်းဘုရားဖူးနှင့်  အပန်းဖြေခရီးသွား လုပ်ငန်း လုပ်ကိုင်သူများအတွက် အသိ အမှတ်ပြု လိုင်စင်ကို စက်တင်ဘာလအတွင်း  ထုတ်ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးထံမှ သိရသည်။

ရန်ကုန်  သြဂုတ်  ၃ဝ

ဂျပန်နိုင်ငံမှ  ODA ချေးငွေဖြင့် တည်ဆောက်နေသော ဆိပ်ကမ်းတံတားနှစ်စင်း အပါအဝင် ကုန်သေတ္တာတင်  ဆိပ်ကမ်းတံတား လေးစင်းကို    လာမည့်နှစ်တွင်   အသစ်ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့  ဌာနမှူး ဦးဇော်ထွန်းလွင်ထံမှ  သိရသည်။

မုံရွာ   သြဂုတ်   ၃ဝ

မုံရွာတက္ကသိုလ်ဘာသာရပ် ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အလှမယ် ရွေးချယ်ပွဲကို ယမန် နေ့  မွန်းတည့် ၁၂ နာရီက မုံရွာတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင် ဘီ၌ ကျင်း ပသည်။

နတ်မောက်   သြဂုတ်  ၃ဝ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အနေဖြင့်  ယခုပညာသင်နှစ်တွင် တရုတ်နိုင်ငံမှ ပညာတော်သင်ဆုများ ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံသို့ မသွားရောက်မီ ဂုဏ်ပြုနှုတ်ဆက်ပွဲကို  ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ   တရုတ်သံရုံးရှိ  ယဉ်ကျေးမှုဌာန၌ ကျင်းပကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၃ဝ

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက မိုင်းထောင်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေမှုကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြို တိုင်းရင်းသားများမှာ နီးစပ်ရာ လုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာ တာဝန်ရှိသူများက တွေ့ဆုံအားပေးပြီး ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်     သြဂုတ်     ၃ဝ 

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက အကြမ်းဖက်မှုများ လုပ် ဆောင်လျက် ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက တန်ပြန် ချေမှုန်းရန် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် အဖွဲ့များ၏ အသုံးအဆောင်များနှင့် အတူ နိုင်ငံတကာ အဖွဲ့အစည်း အချို့၏ ထောက်ပံ့ ကူညီရေး ပစ္စည်းများ ထပ်မံ တွေ့ရှိခဲ့သည်။

Page 1199 of 1286