SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

ရန်ကုန် အောက်တိုဘာ ၎

ပြည်တွင်းရှိ ရေမျောကမ်းတင် သစ်များကို ပန်းပုရုပ်ပုံလုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းထံမှ သိရသည်။

စစ်တွေ အောက်တိုဘာ ၎

အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် စေတနာရှင် အလှူရှင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန တို့က ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့တို့ရှိ ယာယီ ကယ်ဆယ်ရေး စခန်းများ၌ နေရပ်စွန့်ခွာ နေထိုင်လျက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ဆန်အိတ်များကို ယနေ့ နံနက်ပိုင်းတွင် သွားရောက် ထောက်ပံ့ပေးအပ်သည်။

မြောက်ဦး အောက်တိုဘာ ၎

ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို သန့်ရှင်းသာယာ လှပသော ရှေးဟောင်းမြို့တော် ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မြောက်ဦးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ကျောက်ဆည် အောက်တိုဘာ ၎

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့၏ ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ် ဆင်လှူပွဲတော်နှင့် ဆင်အကအလှ ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေသာလျောင်း တောင်ခြေဝတ္တကမြေ၌ ကျင်းပသည်။

ရန်ကုန် အောက်တိုဘာ ၎

သီတင်းကျွတ် မီးထွန်းပွဲတော် ကာလတွင် ရန်ကုန်မြို့၌ အစည်ကားဆုံး ပွဲဈေးတန်းတစ်ခု ဖြစ်သည့် ရေကျော်ပွဲဈေးသည် နှစ်စဉ် လူစည်ကားခြင်းကြောင့် မလိုလားအပ်သော ခိုက်ရန် ဖြစ်ပွားမှုများ မပေါ်ပေါက်စေရန်နှင့် ဒုစရိုက် လုပ်ငန်းများ မလုပ်ဆောင်နိုင်ရန် ရပ်ကွက် လုံခြုံရေးများနှင့် ရဲတပ်ဖွဲ့လုံခြုံရေးတို့ အပြင် လုံခြုံရေး ကင်မရာများဖြင့် စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ် (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၎

မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမား ဘဝနှင့် ပတ်သက်၍ Action Aid မှ ကောက်ယူထားသော စစ်တမ်းအပေါ် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သတင်းထုတ်ပြန်ပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ယနေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) ၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ Action Aid၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် တာဝန်ရှိ အဖွဲ့အစည်းများ တက်ရောက်ကာ ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။

ညောင်လေးပင် အောက်တိုဘာ ၎

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ် တော်ဝိကျေးရွာ အနီး

ဖျာပုံ အောက်တိုဘာ ၎

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း

ဟုမ္မလင်း အောက်တိုဘာ ၎

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ စီစဉ်ကြီးကြပ် မှုဖြင့် ဟုမ္မလင်းမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးရှေ့ရှိ မြို့မဆိပ်ကမ်း နေရာ၌ ကျင်းပသည်။

ရန်ကုန် အောက်တိုဘာ ၎

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပထမနှစ် တက်ရောက်မည့် သူများသည် အကြောင်း အမျိုးမျိုးကြောင့် တက္ကသိုလ်ပြောင်းရွှေ့ သင်ကြားခွင့် လျှောက်ထားလိုပါက မိမိဝင်ခွင့် ရရှိထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ပထမအရစ် သတ်မှတ်ကြေးများ ပေးသွင်းပြီး ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ ထံတွင် ပြောင်းရွှေ့ သင်ကြားလိုသော တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နှင့် ကောလိပ်ကို ဖော်ပြ၍ ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

Page 1202 of 1394