SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေပြည်တော် စက်တင်ဘာ ၅

ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရ ခရိုင် မင်္ဂလာဒီပရပ်ကွက် ကျန်းမာရေး ဆေးပေးခန်း၌ ယနေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ကြောင်း သိရသည်။

ဝက်လက်  စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၌ ပြဿဒ်ရေဆိုးချောင်း ရေလမ်းချဲ့ထွင်ခြင်း လုပ်ငန်းဆောင် ရွက်နေမှုကို ရွှေဘိုခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးစိုးလှိုင် မောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ေ ဆးကြောင်း သိရသည်။

မကွေး စက်တင်ဘာ ၅

မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အထောက်အပံ့ပြုနိုင်ရန် မကွေးမြို့တွင်း လမ်းများကို အသုံးပြုနေသည့် ဝန်တင် အုတ်၊ သဲ၊ ကျောက်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များကို ဘီးခွန်ကောက်ခံမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နောက်ဆက်တွဲအဖြစ် ဘီးခွန်မဆောင်ရသေးသည့် မော်တော်ဆိုင်ကယ်များကို လည်း စစ်ဆေးကောက်ခံ သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီထံမှ သိရသည်။

နေပြည်တော်  စက်တင်ဘာ ၅

မူးယစ်ဆေးဝါး ဆိုးကျိုးများ အန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ငါ့သရောက်  စက်တင်ဘာ ၅

မန္တလေး တိုင်းဒေသကြီး ငါ့သရောက်မြို့ အတွင်းရှိ အညာကျေးလက် ဒေသများတွင် တောင်သူများ မိုးဦးမိုးဖြင့် စိုက် ပျိုးသည့်သုံးလမြေပဲခေါ် ပင်ထောင်မြေပဲ စိုက်ခင်းများ ယခုအခါ စတင်နုတ်သိမ်းလျက်ရှိကြောင်း သိရသည်။

နေပြည်တော်  စက်တင်ဘာ 

ရခိုင်ပြည်နယ်မြောက်ခြမ်း ဘူးသီးတောင်နှင့် မောင်တောဒေသများ၌ ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရ၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက် တစ်ရပ်ကို သတင်းထုတ်ပြန်ရေး ကော်မတီမှ ယနေ့ညနေပိုင်းတွင် သတင်း ထုတ်ပြန်သည်။

နေပြည်တော်   စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝေဇယန္တာလမ်း Gandamar Wholesale ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော နယ်မြေအတွင်း တိုင်းရင်းသားများ၏ အရေးကိစ္စများကို ဆွေးနွေးမှုမှ အဖြေရှာစကားဝိုင်း အစီအစဉ်အား စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လားရှိုး   စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌   ၂ဝ၁၇-၂ဝ၁၈  ခုနှစ် မိုးရာသီမြေပဲ ၃ဝ၅ဝ၆ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

Page 1215 of 1320